Saturday, 5 February 2011

ကျောင်းတုန်းက အမှတ်တရ

မနေ့က (3.02.2011-Thu) ဗိုလ်လောင်းတုန်းက တပ်ခွဲတစ်ခွဲထဲ နေခဲ့တဲ့ သူငယ်ချင်း သန်းထွန်းအောင်(ပြောင်ကြီး)က Gtalk ကနေ ပုံလေးတစ်ပုံပို့ပေးလိုက်တယ်။ ပုံကိုယူပြီး ဖွင့်ကြည့်လိုက်တော့ ဗိုလ်လောင်း တတိယနှစ်မှာ ကျောင်းဆင်းခါနီး အမှတ်တရဆိုပြီး တပ်ခွဲမှုး ဗိုလ်မှုးဇော်မင်း၊တပ်စုမှုး ဗိုလ်ကြီးသက်နေယု နဲ့ အောင်ဇေယျတပ်ရင်း အမှတ်(၁၃)တပ်ခွဲက အမှတ်စဉ်(၄၉)မှ သူငယ်ချင်း စုစုပေါင်း-၅၆ယောက် ရိုက်ထားတဲ့ ဓါတ်ပုံလေးဖြစ်နေတယ်။


ထင်မှတ်မထားတဲ့အချိန်မှာ တွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားတယ်။ အခုချိန်မှာ ဒီ ၅၆ ယောက်လုံး တစ်နေရာထဲမှာပြန်ဆုံနိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးလေ။ ကျောင်းဆင်းပွဲနေ့မနက်က (၁၅.၁၂.၂၀၀၆) စစ်ရေးပြကွင်းမသွားခင် တန်းဆီနေတုန်း သူငယ်ချင်းတွေကို လိုက်ကြည့်ရင်းနဲ့ နောက်နောက်ပြောင်ပြောင် ပြောခဲ့တဲ့စကားလေးတစ်ခွန်းဟာ အခုတော့ တကယ်ပါပဲ။ ''ဒီမျက်နှာတွေကို ကြည့်ထားမှ ၊ နောက်ဆိုမြင်ချင်လို့တောင် မြင်ရမှာ မဟုတ်တော့ဘူး" ဆိုပြီး တစ်ယောက်ချင်းဆီ လိုက်ကြည့်ခဲ့တာလေး မှတ်မိနေသေးတယ်။ အရမ်းရင်းနှီးရတဲ့ သူငယ်ချင်းတွေနဲ့ ဆုံခဲ့သလို တစ်ချို့နဲ့ကျတော့လည်း ပြုံးပြနှုတ်ဆက်နဲ့ စကားတောင် သေသေချာချာမပြောဖူးခဲ့ပါဘူး။ ဒါပေမယ့် မင်းတို့ပါတဲ့ ဓါတ်ပုံလေးကို မြင်တဲ့အခါမှာတော့ ၃ နှစ်တာ တစ်မိုးအောက်နေပြီး ဆိုးတူကောင်းဖက် ရှိခဲ့တာတွေကို အမှတ်ရမိနေတယ်။ အခြေအနေ ပေးတဲ့အခါတော့ ပြန်ဆုံချင်မိပါသေးတယ် သူငယ်ချင်းတို့ရေ ...။
Read more

Thursday, 3 February 2011

How To Delete Facebook Account

အဆင့် ( ၁ ) >> ဒီဖော်ပြပါ URL >> http://www.facebook.com/help/contact...delete_account ကနေ သွားပြီး ကိုယ်ဖျက်ချင်တဲ့ Account ထဲကို Login ဝင်လိုက်ပါ။

အဆင့် ( ၂ ) >>Delete My Account ကို Click နှိပ်လိုက်ပါ။ပုံမှန်အတိုင်း ကိုယ့်ကို ဒီ account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး တူအောင်ရိုက်ပေးရုံပါပဲ။

အဆင့် ( ၃ ) >> ကိုယ် အဲလို ဖျက်ပြီးသွားတာနဲ့ ကိုယ့် Email ထဲကို " နောက် ၁၄ ရက်နေရင် မင်း Facebook account ကို ဖျက်ပစ်လိမ့်မယ် " ဆိုတဲ့ စာတစ်စောင် ဝင်လာပါလိမ့်မယ်။ လတ်တလောမှာ Delete လိုက်တယ် ဆိုပေမယ့် Faceboook account က တကယ် မပျက်သေးပါဘူး။ ဒီ account ပျက်ဖို့ နောက်ထပ် ၁၄ ရက်စောင့်ရဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူပြောထားတဲ့ ၁၄ ရက်အတွင်းမှာ Facebook ထဲကို ဘယ်အကြောင်းနဲ့ ဖြစ်ဖြစ် ပြန်ဝင်ဖို့ မကြိုးစားပါနဲ့။ တကယ်လို့ သူပြောထားတဲ့ ၁၄ ရက် အတွင်းမှာ ကိုယ်က အဲ့ဒီ့ account ထဲကို အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်ဝင်ဖြစ်တယ် ဆိုရင် သူက ကိုယ့်ကို သံယောဇဉ် မပျက်သေးဘူး - ဒီ account နဲ့ ပတ်သတ်ပြီး နောက်ထပ် လုပ်ဆောင် စရာတွေ ရှိသေးတယ်လို့ ယူဆတဲ့ အနေနဲ့ Delete လုပ်တော့မှာ မဟုတ်ပါဘူး။ Account က ဒီအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်
>> account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး ရိုက်ပြီး submit လုပ်လိုက်ပြီးတည်းက Facebook account ထဲကို သူသတ်မှတ်ထားတဲ့ ၁၄ ရက် မပြည့်မချင်း ဘယ်တော့မှ ဝင်လို့ ရမရ ပြန်မစမ်းကြည့်ပါနဲ့ - နောက် ကိုယ့် browser က cache တွေနဲ့ cookies တွေအားလုံးကိုလည်း ဖျက်ပစ်ပါ။ ဒါမှ အလွယ်တကူ ပြန်ဝင်ဖြစ်မယ့် အကြောင်းအရာတွေ မမြင်ရမတွေ့ရ ဖြစ်သွားမှာဖြစ်ပါတယ်။
>> နောက်တစ်ချက်က ကိုယ်လည်ပတ်သွားလာနေကျ Website တွေမှာ ပြထားတဲ့ Facebook Share button တို့ Like button တို့ကို click မပေးမိပါစေနဲ့။ ဒါကလည်း account ထဲကို ပြန်ဝင်တာ မဟုတ်ပေမယ့် ဒီ account ကို ပြန်အသုံးပြုနေတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။
>> နောက်ဆုံး တစ်ချက်ကတော့ Facebook account ရှိယုံနဲ့ သူ့ site မှာ account လုပ်စရာ မလိုပဲ သုံးလို့ ရတဲ့ Facebook Connect sites ( ဥပမာ - www.scribd.com စသဖြင့် ) တွေမှာ အဲ့ဒီ ကိုယ်ဖျက်ထားတဲ့ Facebook account နဲ့ login မဝင်ပါနဲ့ signup လည်း မလုပ်ပါနဲ့။
အဆင့် ( ၄ ) >> သူသတ်မှတ်ထားတဲ့ ( ၁၄ ) ရက်ကို ကိုယ်စဖျက်တဲ့ ရက်ကနေ စမှတ် ထားပြီးစောင့်ကြည့်ပါ။ ၁၄ ရက်ပြည့်ပြီ ဆိုရင် ကိုယ့် Facebook account ထဲမှာ ရှိသမှ posts, comments, တွေက အစ တစ်ခြား info တွေအဆုံး အားလုံး ထာဝရ ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ 


Original Author KznT (Myanmarfamily)
Read more

MinYalNga၏စုစည်းမှုများ © 2010 တွင် စတင်စုစည်းသည် | Powered by:Blogger

Designed By:Windroidclub Created By:မင်းရဲ့ငါ