Monday, 23 December 2013

အမှတ်တရ Sea Game

နှစ်ပေါင်း (၄၄) နှစ်ကြာပြီးတဲ့နောက်မှ မြန်မာပြည်မှာပြန်လည် ကျင်းပခဲ့တဲ့ 27th Sea Game ကြီးကို ကိုယ်တိုင် ကွင်းထဲထိအရောက် ကြည့်ခွင့်ကြုံခဲ့ရတာဟာ ဘဝမှာမေ့မရတဲ့ အမှတ်တရတွေထဲက တစ်ခုပါ။ Radio ကနေ ပြိုင်ပွဲကြီးကျင်းပရန် ရက် ၂၀၀ သာလိုတော့ပါသည်။ ၁၅၀ သာလိုတော့ပါသည်ဆိုပြီး Count Down ကြေညာနေတဲ့အချိန်ထိ ချင်းပြည်နယ်ရဲ့ လျှပ်စစ်မီးမရှိ လူသွားလမ်းတောင် ကောင်းကောင်းမရှိတဲ့ ရွာကလေးကို ရောက်နေတဲ့အချိန်ဖြစ်နေတော့ ဒီတစ်ခေါက် ကိုယ့်နိုင်ငံမှာ ကျင်းပတဲ့ ပွဲကျမှပဲ အားရပါးရ အားပေးခွင့်မကြုံတော့ပါလားဆိုပြီး ဝမ်းနည်းခဲ့ရပေမယ့် ပြိုင်ပွဲကြီးကျင်းပဖို့၃လလောက်အလိုမှာတော့ ရခိုင်ပြည်နယ်ကို ပြန်ရောက်ခဲ့လို့ TV ကနေ ကြည့်လို့ရပြီးဆိုပြီး ဝမ်းသာခဲ့ရတယ်။ ဖွင့်ပွဲကျင်းပတာကို TV ကနေ အားရပါးရကြည့်ခဲ့ရပြီး နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ ဖွင့်ပွဲကျင်းပပြီး ၂ ရက်အကြာမှာ ကံကောင်းထောက်စွာနဲ့ နေပြည်တော်ကို အလုပ်ကိစ္စနဲ့သွားဖို့ပေါ်လာတဲ့အတွက် အလုပ်တွေပြီးတာနဲ့ Sea Game ပြိုင်ပွဲကြီးကို ကွင်းထဲမှာ မျက်ဝါးထင်ထင်ကြည့်ပြီး အားပေးပစ်မယ်ကွလို့ကြုံးဝါးရင်း နေပြည်တော် ကိုချီတက်လာခဲ့တယ်။ အမျှော်လင့်ဆုံးဖြစ်တဲ့ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းကတော့ အုပ်စုမှာပဲ ရှုံးပြီးထွက်သွားလို့ အားခဲထားသမျှ စိတ်ဓာတ်ကျခဲ့ရပေမယ့် နှစ်ယောက်တွဲခြင်းလုံးပြိုင်ပွဲ Sea Game ပိတ်ပွဲ အခမ်းအနားတွေကို ကြည့်ရှု့ခွင့်ရတဲ့အတွက် အရမ်းပဲဝမ်းသာဂုဏ်ယူမိတယ်။ ဒီအတွေ့အကြုံလေးဟာ ဘဝမှာ မေ့လို့မရတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုပါပဲ....။

 



Read more

MinYalNga၏စုစည်းမှုများ © 2010 တွင် စတင်စုစည်းသည် | Powered by:Blogger

Designed By:Windroidclub Created By:မင်းရဲ့ငါ