Friday 26 September 2014

The Difference between a Megabyte (MB) and a Megabit (Mb)

One thing that often gives people confusion is the difference between a Megabyte (used for file size) and a Megabit (used for download speeds). People often assume that a download speed of 1 Megabit per second (1 Mbps) will allow them to download a 1 Megabyte file in one second. This is not the case, a Megabit is 1/8 as big as a Megabyte, meaning that to download a 1MB file in 1 second you would need a connection of 8Mbps. The difference between a Gigabyte (GB) and a Gigabit (Gb) is the same, with a Gigabyte being 8 times larger than a Gigabit. 1 GB = 1024 MB 1 MB = 1024 KB 1 KB = 1024 Bytes 1 Byte = 8 Bit To calculate how long it will take a file to download over your connection, you can use Google's simple MB/Mb converter Copy From ; Open Signal
‌Read More

Monday 15 September 2014

သူမနဲ့ ရက်၁၀၀ပြည့်အမှတ်တရ


ကျွန်တော်တို့၂ယောက်ရဲ့ စတင်တွေ့ဆုံမှုဟာ အများသူငါလည်း ဖြစ်လေ့ကြုံလေ့ရှိတဲ့ ပုံစံလိုမျိုး ခပ်ရိုးရိုးလေးပါပဲ။ထူးခြားဆန်းပြားတဲ့ တွေ့ဆုံမှုတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ထူးခြားမှုတစ်ခုက ကျွန်တော်တို့၂ယောက်ဟာ စပြီးရင်းနှီးပါပြီဆိုထဲက ဟိုးနှစ်ပေါင်းများစွာထဲက ရင်းနှီးခဲ့ကြသလိုမျိုးဖြစ်နေပြီး စတွေ့တွေ့ချင်းလူတွေလို ခပ်စိမ်းစိမ်းကြီးဖြစ်မနေခဲ့ကြတာ ကျွန်တော်နဲ့သူမရဲ့ ထူးခြားချက်တစ်ခုပေါ့။ ဒီ့ထက်ပိုပြီးထူးခြားမှုက ကျွန်တော်နဲ့သူမဟာ တိုင်ပင်ထားခြင်း မရှိပဲနဲ့ကို စိတ်တူကိုယ်တူဖြစ်ကြတာပါပဲ။ ဒီလိုအချက်တွေကြောင့်လည်း ကျွန်တော်တို့နှစ်ယောက်ဟာ အချိန်တိုလေးအတွင်းမှာ မယုံကြည်နိုင်အောင် သံယောဇဉ်ဖြစ်ခဲ့ကြတာပေါ့။ ဒီသံယောဇဉ်တွေက တစ်နေ့တခြား တိုးပွားလာပြီး ကျွန်တော်တို့၂ယောက် ချစ်သူအဆင့်ကို ကူးပြောင်းခဲ့ကြတာပေါ့။

   စိတ်တူကိုယ်တူ သံယောဇဉ်ကြီးတဲ့သူနှစ်ဦး ချစ်သူတွေဖြစ်လာကြပေမယ့် ကျွန်တော်တို့၂ယောက်ရဲ့ ချစ်သူသက်တမ်းတစ်လျှောက်ဟာ သာယာဖြောင့်ဖြူးခဲ့တာချည်းပဲ မဟုတ်ခဲ့ပါဘူး။ အဓိကကတော့ သူမနဲ့ မဆုံခင်တစ်ချိန်က ကျွန်တော်ရဲ့ စိတ်ထင်ရာကို ပျော်မလားဆိုပြီး လုပ်ဆောင်ခဲ့မှုတွေဟာ အခုသူမအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မကြာခဏ ဖြစ်ခဲ့ရတာပေါ့။အချစ်ကြီးသလောက် စိတ်လည်းကြီးလှတဲ့ သူမနဲ့ ကျွန်တော်ရဲ့ ချစ်သူဖြစ်စအချိန်တွေဟာ ကြည်နူးပျော်ရွှင်နေတာထက်စာရင် ရန်ဖြစ်လိုက် ချော့လိုက် စိတ်ဆိုးလိုက် ပြန်အဆင်ပြေလိုက် ဒီလိုနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက ပိုများနေသလားပဲ။ အခက်အခဲ အတားအဆီးတွေကြားထဲကနေ ချစ်ခဲ့ကြလို့လည်း လုံးဝအဆုံးအရှုံးမခံနိုင်လောက်အောင် သူမကို ကျွန်တော်ချစ်ခဲ့မိပါတယ်။ သူမဟာလည်း ကျွန်တော့ထက် မနည်းတဲ့အချစ်တွေနဲ့ ချစ်တဲ့အကြောင်းကို အားလုံးကိုဆန့်ကျင်ပြီး ကျွန်တော်ကို ရွေးချယ်ခဲ့ခြင်းနဲ့သက်သေပြခဲ့တာပေါ့။

   ချစ်သူသက်တမ်း တစ်လပြည့်ခါနီးမှာ သူမနဲ့ ကျွန်တော်အတွက် အမှတ်တရဖြစ်စရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုကတော့ သူမကျောင်းကို ကျွန်တော်လိုက်သွားခဲ့တယ်။ ကဗျာမဆန်လှတဲ့ ဆုံတွေ့မှုလို့ပြောလို့ရပေမယ့် ကျွန်တော်တို့နှစ်ယောက်အတွက်တော့ အရမ်းကိုလှပတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဒီတွေ့ဆုံမှုလေးနောက်ပိုင်းမှာ ကျွန်တော်တို့၂ဦးရဲ့ ဖြစ်တည်ခဲ့တဲ့သံယောဇဉ် ၊ ရှိရင်းစွဲအချစ်တွေကို ထပ်တိုးလာစေခဲ့ခြင်းက ဒီတွေ့ဆုံမှုလေးရဲ့ အပေါင်းသဘောဆောင်ခဲ့တဲ့ ရလာဒ်လေးပေါ့။ ဒါကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက် တစ်နေ့မတွေ့မရမနေနိုင် စကားမှ မပြောရရင် မနေတတ်တဲ့ အခြေအနေထိ ဖြစ်ခဲ့တာဟာလည်း ကျွန်တော်တို့၂ယောက်ရဲ့ Trademark လေးတစ်ခုလို ဖြစ်လာခဲ့တာပေါ့။

   ဒီတွေ့ဆုံမှုလေးအပြီး နောက်တစ်လအကြာမှာ သူမရဲ့မွေးနေ့ရှိနေတဲ့အတွက် ကျွန်တော်သူမကို အရမ်းတွေ့ချင်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်လုပ်နေတဲ့ အလုပ်က သူမနဲ့တွေ့ဖို့အတွက် အချိန်မပေးနိုင်ခဲ့ဘူးလေ။ ဒါကြောင့် ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို မြှိုသိပ်ခဲ့ရတယ်။ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေကို ပျက်ရယ်မပြုရဲတဲ့ ကံကြမ္မာက သူမမွေးနေ့အမှီ သူမအနားမှာ ကျွန်တော်ကို ရှိစေခဲ့တယ်လေ။ ဒီဒုတိယအကြိမ်တွေ့ဆုံမှုကြောင့် ကျွန်တော်တို့၂ယောက်အနေနဲ့ ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ လုံးဝလက်တွဲမဖြုတ်တော့ဘူးဆိုတာ အသေချာဆုံး ဖြစ်ခဲ့ပါတယ်။

   ဒီနေ့ဆိုရင် ကျွန်တော်နဲ့သူမ ချစ်သူသက်တမ်း ရက်၁၀၀ ပြည့်မြောက်ခဲ့ပြီ။ ဒီရက်၁၀၀ အတွင်းမှာ ကျွန်တော်တို့၂ယောက်အနေနဲ့ ပျော်ရွှင်စရာ ကြည်နူးစရာ ရင်ခုန်စရာတွေအပြင် ပြဿနာတွေ အခက်အခဲတွေ အမျိုးမျိုးသော စိတ်လှုပ်ရှားဖွယ်ရာတွေကြုံတွေ့ခဲ့ရပေမယ့် ကျွန်တော်တို့နှစ်ယောက် ထားထားတဲ့ကတိကတော့ ဘယ်လိုအကြောင်းနဲ့မှ လမ်းမခွဲကြေးဆိုတာပဲလေ။ ဒီကတိစကားကို အကောင်အထည်ဖော်ဖို့ကတော့ ကျွန်တော်တို့နှစ်ယောက် အမြဲတမ်း လက်ကိုခိုင်ခိုင်တွဲထားဖို့ပဲပေါ့။ အဲ့လိုလက်တွေခိုင်ခိုင်တွဲနိုင်ဖို့အတွက် ကျွန်တော်မှာ ခွန်အားတွေအပြည့်ရှိတယ်။ အနာဂတ်ကို စိတ်ကူးနဲ့တင်ပုံဖော်နေတာမဟုတ်ပဲ တကယ်လက်တွေ့ကျကျ အကောင်အထည်ဖော်နေတဲ့အတွက် စိတ်ဓာတ်ခွန်အား အပြည့်ရှိနေတယ်ဆိုတာကတော့ သူမကို မေးမကြည့်ပဲ ကျွန်တော်သိနေတယ်။ 


   ကောင်မလေးရေ…. ငါတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာ ဒီနေ့(၁၄.၉.၂၀၁၄)မှာ ရက် ၁၀၀ နောက် ၁၀၁,၁၀၂,…., ၁၀၀၀၀ မက ရက်ပေါင်း လပေါင်း နှစ်ပေါင်းများစွာတိုင်အောင် မင်းရဲ့အနားမှာနေရင်း မင်းကို စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်တဲ့သူတစ်ယောက် ရှိနေတယ်ဆိုတာ ဘယ်တော့မှ မမေ့နဲ့နော်။

မင်းကို ထာဝရဂရုစိုက်ပြီး ချစ်နေမယ့်
ကို ….. 👩‍❤️‍💋‍👨
‌Read More

Sunday 14 September 2014

ကြက်ဥပူတင်းလုပ်နည်း

ပါဝင်ပစ္စည်းများ.
၁။ ကြက်ဥ - ၆ လုံး
၂။ သကြား - ၁ ကျပ်သား
၃။ နို့ - ၄၀ ကျပ်သား





ပထမဦးစွာ ဇလုံခပ်ကြီးကြီးတလုံးထဲကို ကြက်ဥ ၆ လုံးဖောက်ထည့်ပါ။ သကြား ၁၂၀ ဂရမ်ထည့်ပါ။ ပြီးရင် နှံ့အောင် သကြားကြေအောင်ထိမွှေပါ။

သကြားကျေပြီ ဆိုရင် နွားနို့်ကို ဖြေးညှင်းစွာ အကုန်လောင်းထည့်ပါ။ ထပ်မွှေပါ။
သတိထားရမှာက အမြှပ်မထအောင် မွှေပေးပါ အမြှပ်ထရင် ပူတင်းပုံလှမှာမဟုတ်လို့ပါ။

နောက်တဆင့် ပန်းကန်လုံး အကြီးထဲကို ရေစစ် ခပ်ပါးပါးလေးနဲ့ ခုနက ခေါက်မွှေထားတဲ့ အရည်တွေကို လောင်းထည့်ပြီး စစ်ပါ။
ရရှိလာတဲ့ ထို Pudding ရေကို မိမိကြိုက်နှစ်သက်ရာ ခွက်ကလေးများထဲသို့
ထည့်ပြီး ဒန်အိုးအကြီး ထဲတွင် အစီအရီ ထည့်ထားပါ။

ထိုခွက်မလေးများထည့်ထားသောဒန်အိုး ထဲသို့ခွက်ကလေးများဧ။်
လေး ပုံတပုံ ရောက်အောင် ရေလောင်းထည့်ထားပါ ပြီးလျှင် ဒန်အိုးကိုအဖုံးအုပ်ပါ။ (သတိ၊ အတွင်းမှ ခွက်ကလေးများ အဖုံးမအုပ်ပါ။ ဒန်အိုးအကြီးကိုသာ အုပ်ရပါမည်။)

ပြီးလျှင် 150 ဒီဂရီအပူချိန်ရှိသော မီးဖိုပေါ်သို့ ထိုဒန်အိုးကိုတင်ပြီး ၁ နာရီခန့်ဖုတ်ပါ။

တနာရီကြာပြီးသော ထိုဒန်အိုးကိုယူပြီး ဒန်အိုးထဲမှ ပူတင်းခွက်ကလေးများကို
ထုတ်ပြီး အအေးခံပါ။ အေးသောအခါ သုံးဆောင်နိုင်ပါပီ။ း)

အချိန်ကုန်လည်းသက်သာ ငွေကုန်လဲသက်သာ လွယ်လဲလွယ်တယ်နော်

တခါမှ မလုပ်ဖူးသေးလဲ ယုံကြည်စွာပြုလုပ်ကြည့်ပါ း)
‌Read More

အသုံးဝင်သော အင်္ဂလိပ်စကားလုံးများ

အသုံးဝင်သော အင်္ဂလိပ်စကားလုံး (၂၂၇) လုံး

(1) Business is business = စီးပွားရေး က စီးပွားရေးပဲ

(2) Money talks = ပိုက်ဆံ စကားပြောတယ်

(3) Tell that to the marines = တောမှာသွားပြော

(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး

(5) Are you nuts ? = မင်းရူးနေလား

(6) You are very talkative = မင်းအရမ်းစကားများတာပဲ

(7) Behave yourself = ယဉ်ယဉ်ကျေးကျေးပြုမူပါ

(8) That's the beauty of it = အဲဒါလေးတွေ ချစ်ဖို့ကောင်းတာ

(9) You stay out it = မင်းဝင်မပါနဲ့

(10) Man matters most in life = လူသာ ပဓာနပါ

(11) Time out = ခဏ ရပ်နားပေးပါ

(12) There's one born every minute = အချဉ်ဖမ်းရတာ လွယ်ပါတယ်

(13) You are shameless = မင်းဟာအရှက်မရှိဘူး

(14) Mind your p's and q's = အနေအထိုင် ဆင်ခြင်နော်

(15) Age before beauty = အသက်ကြီးသူကိုဦးစားပေးပါ

(16) Don't do double = နှစ်ဖက်ချွန်မလုပ်နဲ့

(17) Just as I thought = ထင်တဲ့အတိုင်းပဲ

(18) I'm buying = ငါ ဒကာခံမယ်

(19) He was all ears = သူသိပ်သိချင်နေတယ်

(20) Don't talk rot = မဟုတ်တာမပြောနဲ့

(21) Don't tell a lie = လိမ်မပြောနဲ့

(22) I'm all ears = ငါ နားထောင်နေပါတယ်

(23) Don't you see ? = မင်းနားလည်မယ်ထင်ပါတယ်

(24) Dead or alive = မသေ ရရ အရှင် ရရ

(25) Let bygones be bygones = ပြီးတာတွေလဲပြီးပါစေတော့ကွာ

(26) The point is = ငါဆိုလိုချင်တာက

(27) You're too big for your boots = မင်းတော်တော် ကြီးကျယ်တဲ့ကောင်ပဲ

(28) Get to the point = လိုရင်းကိုပြောပါ

(29) That calls for celebration = မုန့်ကျွေးသင့်တယ်

(30) Every second counts = စက္ကန့်တိုင်းတန်ဖိုး ရှိတယ်

(31) Give me a second = တစ်စက္ကန့်လောက် အချိန်ပေးပါ

(32) Right away ! = အခုချက်ချင်းပဲ

(33) You heard me = ကြားတယ်နော်

(34) Perish the thought = မစဉ်းစားနဲ့တော့ မေ့ပစ်လိုက်တော့

(35) Too little too late = နည်းနည်းလေး နောက်ကျသွားတယ်

(36) That's a poser = ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ

(37) Where the hell have you been ? = မင်းဘယ်လျှောက်သွားနေတာလဲ

(38) It's all moonshine = လုံးဝ အဓိပ္ပါယ်မရှိဘူး

(39)That's why = အဲဒါကြောင့် / ဒါကြောင့်

(40) The reason is that = အကြောင်းကတော့ဗျာ

(41) That's because = ဘာကြောင့်လဲဆိုတော့

(42) Don't disturb me = ငါ့ကို လာမနှောက်ယှက်နဲ့

(43) Don't put blame upon other = သူများကိုလွှဲမချနဲ့

(44) It's been said = ပြောကြတာပဲလေ

(45) May I have a little chat = စကားနည်းနည်းလောက်ပြောပါရစေ

(46) Take care of yourself = ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်

(47) Won't you enjoy it ?= မင်းဒါကို သဘောမကျဘူးလား

(48) Anything to please you ? = မင်းစိတ်ကြိုက်တွေ့ရဲ့လား

(49) The best of my ability = ငါ့အစွမ်းအကုန်ပဲ

(50) That's a deal = ဒါအတည်ပဲ

(51) Need anything ? = ဘာလိုသေးလဲ

(52) So far so good = အခုအချိန်ထိတော့ ဟုတ်နေသေးတယ်

(53) What a daft idea ! = အဓိပ္ပါယ် မရှိလိုက်တဲ့ အတွေး

(54) Don't talk ill of others = သူများမကောင်းကြောင်းမပြောနဲ့

(55) Look here = ဒီမယ် ငါပြောမယ်

(56) Think it over = ထပ်စဉ်းစားပါအုံး

(57) It's not that = ဒီလိုဟုတ်သေးဘူးလေ

(58) You have my words = ကျွန်တော် ကတိပေးပါတယ်

(59) For your eyes only = ဘယ်သူကိုမှမပြနဲ့

(60) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်

(61) Don't indulge your child = မင်းရဲ့ကလေးကို အလိုမလိုက်နဲ့

(62) Just so = ဒီလိုပဲ ဖြစ်ရမယ်လေ

(63) That's going beyond joke = နောက်တာလွန်လာပြီနော်

(64) Nonsense = အဓိပ္ပါယ် မရှိဘူးကွာ

(65) You'd better treat me = မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်

(66) What a pity ! = သနားစရာ ကောင်းလိုက်တာ

(67) How absent-minded you are = မင်းနှယ်ကွာ မေ့တတ်လိုက်တာ

(68) You can say that again = သိပ်ဟုတ်တာပေါ့ / ဟုတ်လိုက်လေခြင်း

(69) What's the use of it ? = အဲဒါ ဘာအသုံးကျမှာမို့လို့လဲကွာ

(70) Do it at once = ခုချက်ချင်းလုပ်

(71) Don't be reluctant = စိတ်မပါလက်မပါ ဖြစ်မနေနဲ့

(72) The same as ever = ခါတိုင်းလိုပါပဲ

(73) What's available = ဘာရနိုင်ပါသလဲ

(74) Leave it to me = ငါ့တာဝန် ထားလိုက်စမ်းပါ

(75) Don't blame me = ငါ့ကို အပြစ်လာမတင်နဲ့

(76) It's not my fault = ငါ့အမှားမဟုတ်ဘူး

(77) I don't have all day = ငါတစ်နေကုန် အချိန်မရဘူး

(78) If you've got time = မင်းအချိန်ရရင်

(79) Please make yourself at home = ကိုယ့်အိမ်လိုပဲ သဘောထားနော်

(80) Please come and join us = ငါတို့ဆီကို လာပါ / ဖိတ်ခေါ်ပါတယ်

(81) Nature calls ! = အိမ်သာသွားလိုက်အုံးမယ်

(82) Duty calks ! = ကိစ္စရှိလို့ သွားလိုက်အုံးမယ်

(83) Keep your nerve = က္ကန္ဒြေ မပျက်စေနဲ့

(84) Don't take an air = ဟိတ်ဟန်ထုတ်မနေနဲ့

(85) How much = ဘယ်ဘောက်ကျသလဲ

(86) Don't argue with me = ငါ့ကို လာမငြင်းနဲ့

(87) Any time = ဘယ်အချိန်မဆို

(88) Oh ! you dare say so = ပြောရဲလိုက်တာ

(89) How dare you are ! = မင်းက ရဲလှချည်လား

(90) Listen to me = ငါပြောတာနားထောင်

(91) Any thing ? = ဘာကိစ္စရှိလို့လဲ

(92) Like father , like son = ဖအေတူသားပဲ

(93) Don't dig your own grave = ကိုယ့်သေတွင်းကိုယ် မတူးနဲ့

(94) Something wrong = တစ်ခုခုမှားနေပြီ

(95) What's wrong ? = ဘာများမှားသွားလဲ

(96) Not good enough = သိပ်မကောင်းဘူး

(97) Don't be talkative = စကားမများနဲ့

(98) Here comes = လာပါပြီ

(99) What's happened ? = ဘာဖြစ်ခဲ့တာလဲ

(100) How come ! = ဘယ်လိုဖြစ်တာလဲ

(101) As ever = အရင်အတိုင်းပဲ

(102) Don't interfere = ဝင်မပါနဲ့ / ဝင်မစွက်နဲ့

(103) This beats me = ဒါငါ့အတွက် သိပ်ခက်တယ်

(104) This is to say = ပြောရမယ်ဆိုရင်တော့

(105) You got a minute = အချိန်နည်းနည်းအားလား

(106) By the way = စကားမစပ်

(107) As you see = မင်းသိမြင်တဲ့အတိုင်းပဲ

(108) It goes without saying = အထူးပြောနေစရာ မလိုပါဘူး

(109) Suit yourself = စိတ်တိုင်းကျသလိုလုပ်

(110) Don't give me that = ငါ့ကို အငြင်းစကားတွေ လာမမေးနဲ့

(111) Do you mind if I butt in ? = ဝင်ပြောရင်စိတ်မရှိနဲ

(112) What a coincidence ! = တိုက်ဆိုင်လိုက်တာ

(113) What line are you in ? = မင်းဘာစီးပွါးရေးလုပ်လဲ

(114) That's not the way to do it = ဒီလိုမလုပ်ရဘူး

(115) Can it be shown ? = သက်သေပြနိုင်လား

(116) So what ? = အဲဒီတော့ဘာဖြစ်လဲ

(117) Walls have ears ! = လူတွေကြားကုန်မယ်

(118) Let out = လျို့ဝှက်ချက်ကိုပြောပြပါ

(119) A little bird told me = သိနေတယ်လေ

(120) Just you wait = မင်းသိမယ်

(121) Let's say grace = ဆုတောင်းလိုက်ကြစို့

(122) I don't care for myself = ငါ့အတွက် ငါမပူဘူး

(123) It's nothing to do with you = မင်းနဲ့ဘာမှမဆိုင်ဘူး

(124) Don't feel backward = တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့

(125) Don't be afraid = ရဲရဲပြော / ရဲရဲလုပ် / အားမနာနဲ့

(126) Without fail = မပျက်မကွက်

(127) Can I make a bargain ? = ဈေးဆစ်လို့ရမလား

(128) Be quit / Keep quit / Keep silent = တိတ်တိတ်နေ

(129) Thank God / What a relief = တော်ပါသေးရဲ့

(130) Never say never again = စကားအကုန်မပြောနဲ့

(131) To be honest = ပွင့်ပွင့်လင်းလင်းပြောရရင်

(132) How is where the heart is = စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ

(133) You are very curious = မင်းအရမ်း စပ်စုတာပဲ

(134) It'll go down in history = သမိုင်းတွင် ကျန်ရစ်လိမ့်မယ်

(135) Few and far between = ရှားမှရှားပါပဲ

(136) May be = ဟုတ်ချင်ဟုတ်မယ်

(137) I don't stand on your tongue = ငါသည်းမခံနိုင်တော့ဘူး

(138) Don't answer back = ပြန်မပြောနဲ့

(139) Mind your own business = ကိုယ့်အလုပ်ကိုယ် လုပ်ပါ

(140) It's not your business = မင်းအလုပ် မဟုတ်ပါဘူးကွာ

(141) Don't do like that = ဒီလိုမလုပ်နဲ့

(142) Don't takk like that = ဒီလိုမပြောနဲ့

(143) I'm rather tied up = ငါ့မှာ လုပ်စရာတွေတော်တော်ကို များနေပါတယ်

(144) What a laughing stock ! = ရယ်စရာကောင်းလိုက်တဲ့အကောင်

(145) What a shameless fellow ! / What a shameless gue ! = အရှက်မရှိလိုက်တဲ့အကောင်

(146) So far = ခုချိန်ထိ

(147) We're not on speaking terms = ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး

(148) I'm getting tired of it / I'm sick of this / I'm fed up with it = စိတ်ပျက် စိတ်ကုန်လာပြီ

(149) Go on / Go ahead / Keep on / Carry on = ဆက်လုပ် / ဆက်ပြော

(150) Surprise ! Surprise ! / Words fail me ! = အံ့ရော အံ့ရော

(151) That would be better = ဒါဆိုရင်ပိုကောင်းမယ်

(152) You are very childish = မင်းသိပ်ကလေးဆန်တာပဲ

(153) It wasn't me = ကျွန်တော်မဟုတ်ရပါဗျာ

(154) Who did it ? = ဘယ်ကောင်လုပ်တာလဲ

(155) What a forgetful creature I am ! = ငါဟာ တော်တော်ကို မေ့တတ်တဲ့အကောင်ပဲ

(156) Oh ! how forgetful I am ! = ငါ့နှယ်နော် မေ့တတ်လိုက်တာ

(157) What a fussy fellow ! = ပျာယီပျာယာနိုင်လိုက်တဲ့ကောင်

(158) How clumsy you are ! = ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ

(159) Do it before you forget = မမေ့ခင်လုပ်လိုက်အုံး

(160) He's a chip off the old block = ဘမျို းဘိုးတူပဲ

(161) Please , call a spade a spade = အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ

(162) Lest you should forget it = မင်းမေ့သွားမှာစိုးလို့

(163) It's just that I can't afford = ငါ့မတတ်နိုင်လို့ပါကွာ

(164) I haven't time to do it = အဲဒါလုပ်ဖို့ ငါမှာအချိန်မရှိဘူး

(165) You really were taking liberties = မင်းဟာ တကယ့်ကို ကဲလွန်းအားကြီးတယ်

(166) What do you take me for ? = မင်းငါ့ကို ဘာအောက်မေ့လို့လဲ

(167) Knock it off = လုပ်မနေစမ်းပါနဲ့

(168) Don't gossip about other = သူများအတင်းမပြောနဲ့

(169) There's nothing to be afraid = ဘာမှကြောက်စရာမလိုဘူး

(170) I can't bear to do so = ငါဒီလိုမလုပ်ရဲဘူး

(171) It's the chance of a lifetime = ဒါဟာ တစ်သက်မှတစ်ခါရတဲ့ အခွင့်အရေးပဲ

(172) Do it any means = ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ

(173) Such is life = ဘဝဆိုတာဒီလိုပါပဲကွာ

(174) I didn't bargain for such trouble = ဒီလို ဒုက္ခမျိ ု းကြုံ မယ်လို့ မထင်ခဲ့ဘူး

(175) Don't bully me = ငါ့ကို ဗိုလ်မကျနဲ့ / အနိုင်မကျင့်နဲ့

(176) Don't be conceited = ဘဝင်မမြင့်နဲ့

(177) Not as much as you think = မင်းထင်သလောက်မဟုတ်ပါဘူး

(178) I'm all against it = အဲဒါကို ငါလုံးဝ ဆန့်ကျင်တယ်

(179) I don't agree with it = မင်းကိုငါသဘောမတူဘူး

(180) Not like that = အဲဒီလိုဟုတ်ဘူး

(181) More than enough = လိုတာထက်တောက်ပိုသေး

(182) Take care = သတိထား

(183) Don't worry , I've done this before = မပူပါနဲ့ , ဒါမျိ ု း အတွေ့ အကြုံ ရှိပြီးသား

(184) Oh ! quite / I do / I agree with you = ငါသဘောတူတယ်

(185) Out you go = ထွက်သွားစမ်း

(186) Easy now = စိတ်အေးအေးထားပါ

(187) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား

(188) How're things with you ? = မင်းကောအားလုံး အဆင်ပြေရဲ့လား

(189) Once a thief , always a thief = တစ်ခါခြံ ခုန်ဖူးတဲ့ နွား ဆက်ခုန်မှာပဲ

(190) Sooner or Later = အနှေးနဲ့အမြန်ဆိုသလိုပဲ

(191) Don't do as I do = ငါလုပ်သလို လိုက်မလုပ်နဲ့

(192) If I were you = ငါသာ မင်းဖြစ်ရင်

(193) If I were in his place = ငါသာ သူ့နေရာမှာဆိုရင်

(194) If I were in your place = ငါသာ မင်းနေရာမှာဆိုရင်

(195) I feel nothing special = ထွေထွေထူးထူး မခံစားပါဘူး

(196) What a shame ! = ရှက်စရာ ကောင်းလိုက်တာ

(197) Shame on you = မင်းရှက်ဖို့ကောင်းတယ်

(198) Have a go = လုပ်ကြည့်

(199) I don't accept it = ငါလက်မခံဘူး

(200) Once in a blue moon = ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှတစ်ခါဆိုသလို

(201) Keep your mind = စိတ်ထိန်းပါ

(202) Everybody his due = သူ့နေရာနဲ့သူပဲ

(203) First come , first served = ဦးရာလူ စနစ်ပဲ

(204) A deal is a deal = အပေးအယူ လုပ်ပြီးသားက လုပ်ပြီးသားပဲ

(205) Don't be cocky = မာန်မတက်နဲ့

(206) Mum's the word = ဒါကို လျိ ု့ဝှက်ထား

(207) Keep away / Keep Out = အနားမကပ်နဲ့ ဝေးဝေးရှောင်

(208) All the best = အောင်မြင်ပါစေ

(209) Thumbs up = အောင်ပြီဟေ့

(210) Do as you do / Do as you like = မင်းကြိုက်သလိုလုပ်

(211) Not up to much = ကျေနပ်ဖွယ်ရာမရှိ

(212) Break it up = ရန်ဖြစ်တာ တော်ကြတော့

(213) I tell this in confidence = မင်းကို ယုံလို့ ပြောတာ လျှောက်မပြောနဲ့

(214) Not again / End of story = တော်ပါတော့ မပြောပါနဲ့တော့

(215) Give me a hug = ကဲကဲ ကျေအေးလိုက်ကြစို့

(216) It's up to you = မင်းပေါ်မူတည်တယ်

(217) It depends = အခြေအနေအရပဲ

(218) That's really a pity = ငါဟာ တကယ့်ကို သနားစရာပဲ

(219) Oh ! dear me = ဖြစ်မှဖြစ်ရလေ

(220) Not absolutely sure yet = လုံး၀ မသေချာသေးဘူး

(221) Wait and see = စောင့်ကြည့်ဦးပေါ့ကွာ

(222) Have a heart = စာနာပါ / သနားပါ

(223) His life was in a mess = သူ့ဘဝကတော့ ညစ်နေပြီ

(224) You should = မင်းလုပ်သင့်တယ်

(225) Not so bad = သိပ်မဆိုးပါဘူး

(226) That's enough = တော်ပါပြီ

(227) He's under a cloud = သူ့ကို မယုံသင်္ကာ ဖြစ်နေတယ်
‌Read More

Friday 12 September 2014

မုန့်ကြာစေ့လုပ်နည်း

ပါဝင်ပစ္စည်းများ


၁။ ကောက်ညှင်းမှုန့် – နို့ဆီဗူး ၄လုံး
၂။ ဆန်မှုန့် – နို့ဆီဗူး ၁လုံး မှတ်ချက် ။ ကောက်ညှင်းမှုန့်နဲ့ ဆန့်မှုန့်သည် လေးချိုး ၁ချိုးဖြစ်သည်။
၃။ ထန်းလျက်ခဲ – ၃၀၀ ဂရမ်
၄။ အုန်းသီး – တခြမ်း (ခြစ်ထားပေးပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ -


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်)ကို ရောမွှေလိုက်ပါ။
၂။ ပြီးလျှင် ရေ(၅၀၀ ml) ကို နည်းနည်းခြင်းထည့်ကာ မုန့်သားများကို မပျော့မမာ အနေထားရောက်သည်အထိ နုယ်ပေးပါ။
၃။ ထို့နောက် မုန့်ကြာစေ့အတွက် ပုံတွင် ပါသည့်အတိုင်း မုန့်လုံး သေးသေးလေးတွေ လုံးပေးပါ။
၄။ ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။
၅။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်ပေးပါ။
၆။ ခဏကြာလျှင် မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။
၇။ မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျှက်ခဲများကို ရေဖြင့် မပျစ်မကျဲအနေထား ကျိုထားပေးပါ။
၈။ ပြီးနောက် မုန့်လုံးများ၊ ဆားကို ထည့်ကာ ခဏကျိုပေးပြီ အုန်းသီးခြစ်လေးများ ဖြူးပြီ မုန့်ကြာစေ့ပူပူလေးကို စားသုံးနိုင်ပါပြီ..


Source: Wutyee Food House
‌Read More

ပုစွန်ပြောင်းဖူးကြော်

ပုစွန် ၂၀သား
ငါးဖယ် ၅ကျပ်သား
ပြောင်းဖူး ၂ဖူး
ကြက်ဥ ၁လုံး
ဆား အနည်းငယ်
သကြား ။
ငရုတ်ကောင်း ။
နှမ်းဆီမွှေး ၄-၅စက်
ကော်မှုန့် ၂ဇွန်း
ပဲအနောက်ရည် ၂-၃စက်


  • ပုစွန်ကို အခွံခွာ ဂျီးထုတ် ရေဆေး ရေစစ်ထားပြီးထောင်းထားပါ။
  • ငါးဖယ်ကို အရိုးစစ်ပါ။ ပြောင်းဖူးကို ဓားနှင့် အပေါ်ယံလှီးပါ။ 
  • ဇလုံးတစ်ခုထဲတွင် ပုစွန် ငါးဖယ် ပြောင်းဖူး ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ဆား သကြား ကော်မှုန့် ငရုတ်ကောင်း နှမ်းဆီမွှေး ကြက်ဥအကာ ထည့်၍ ရောမွှေပါ။ 
  • အပြားလေးများလုပ် ၍ရေခဲသေတ္တာထဲ ၁-၂ နာရီခန့်ထည့်ထားပါ။ 
  • ဆီပူပူမှာ ရွှေရောင်သန်းသည်အထိကြော်၍ ဆီစစ်ပါ။
  • ဆီစစ် စက္ကူဖြင့် စစ်၍ ကြိုက်နှစ်သက်ရာ အချဉ်ဖြင့် သုံးဆောင်ပါနော်။


Sourceချက်ကြည့်ကြစို့
‌Read More

အရက်ကို ရေအမှတ်ဖြင့်သောက်ရင်

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .

"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . "

" အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ တပည့်တော် ကထင်ကြောင်းပါဘုရား . . "ဟုလျှောက်ထားလေသည်. . . .

ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ "

ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . "

"ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . .

ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .

"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . "

"မြွေပွေး က ပေါက်မှာပါ ဘုရား "

"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား "

"တက်မှာပါ ဘုရား "

"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . "

"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . "

"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ."

"သေနိုင်ပါတယ် ဘုရား . . . "

"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . "

"မရနိုင်ကြောင်းပါ. . ဘုရား "

"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး .. "

"မကိုင်ဝံ့ပါဘူး ဘုရား . . . "

"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . "

"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . "

"အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . "

"မူးမှာပါ ဘုရား . . . . . "

"မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေ့ါ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . "

ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

(ဗန်းမော်ဆရာတော်၏ စွယ်စုံအကြောင်းအရာများ)
‌Read More

Thursday 11 September 2014

ပင်လယ်စာ ချဉ်စပ်ဟင်းရည် “တုမ့်ဆပ် တလေ”

ဒီဟင်းရည်က ရိုးရှင်းတဲ့ ထိုင်းချဉ်စပ်ဟင်းရည်ပါ။ ထိုင်းလူမျိုးတွေက ဒီဟင်းရည်ကို အသား မျိုးစုံနဲ့ ချက်စားလေ့ ရှိပါတယ်။ ကြက်သားနဲ့ဆိုရင် တုမ့်ဆပ် ကိုင်၊ ပင်လယ်စာနဲ့ ဆိုရင်တော့ တုမ့်ဆပ် တလေ ဆိုပြီး ခေါ်ဆိုကြသလို ချက်ရတာလည်း အလွန်ရိုးရှင်း လွယ်ကူတာကြောင့် ဝါသနာရှင်များ အနေနဲ့ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်မိပါတယ် …။

ပင်လယ်စာချဉ်စပ်ဟင်းရည် (Hot & Spicy Sea Foods Soup)

ပါဝင်ပစ္စည်းများ

ပင်လယ်စာ (ရောရာ) – ၆၀ ကျပ်သား
ကြက်ပြုတ်ရည် – ၃ လီတာ
ကြက်သွန်နီ – ၃ လုံး (လေးစိတ်ခွဲ)
ခရမ်းချဉ်သီး – ၃ လုံး (လေးစိတ်ခွဲ)
စပါးလင် – ၂ ချောင်း (အဖြူရောင်သာ ပါးပါးလှီးထားရန်)
ပဒဲကော – ၁ တက် (ပါးပါးလှီး)
ဂျင်း – ၁ တက် (ပါးပါးလှီး)
ကောက်ရိုးမှို (သို့) ငွေနှင်းမှို – အနည်းငယ်
ရှမ်းနံနံ – ၁ စည်း
တောရှောက်ခါးရွက် – ၅ ရွက်
ငရုတ်သီးစိမ်းတောင့် – ၇၊ ၈ တောင့်
သံပုရာရည် (သို့) ရှောက်ရည် (လိုအပ်သလို ထည့်ရန်)


ပထမဆုံး ကြက်ရိုးကို ကြည်လင်တဲ့ ပေါင်းရည်ရအောင် ပြုတ်ပါ။ (ကြည်လင်စေရန် အမြှုပ်များကို ခပ်ထုပ်ပစ်ရပါမယ်)။ 
ဆေးကြောသန့်စင် ထားတဲ့ ပင်လယ်စာများကို ရေနွေးဆူဆူမှာ သံပုရာသီး ၁ စိတ်၊ တရုတ်နံနံ နည်းနည်း ထည့်ပြီး ခေတ္တ ရေနွေးထည့်ထားပေးပါ။
ပြီးလျှင် ရေအေးဖြင့် ဆေးပြီး ရေစစ်ထားပါ။ 
ပါဝင်ပစ္စည်းများကို လိုအပ်သလို လှီးဖြတ် သန့်စင်ထားပါ။ အားလုံး အရန်သင့် ဖြစ်ရင်တော့ စချက်ပါမယ်။

ပထမဆုံး ကြည်လင်သော ကြက်ရိုးပြုတ်ရည်ထဲကို ကြက်သွန်နီ လေးစိတ်ကွဲ၊ စပါးလင်၊ ပဒဲကော၊ ချင်း၊
တောရှောက်ခါးရွက် တို့ကို ထည့်ပြုတ်ပါ။
အရသာအဖြစ် ကြက်သားမှုန့်၊ ပာင်းချိုမှုန့် (သုံးတတ်ပါက)၊ ငါးငံပြာရည်၊ သကြားတို့နဲ့ ဖြည့်စွက်ပါ။
ပာင်းရည် တခါ ဆူပွက်လာလျှင် သန့်စင်ထားသော မှိုကိုထည့်ပါ။
မှိုထည့်ပြီး နောက်တခါ ဆူပွက်လာလျှင် မီးပြင်းကို လျှော့ချပါ။
မီးပြင်းပြင်းနဲ့ ထားရင်း ချက်ထားတဲ့ ပေါင်းရည် နောက်ကျိသွား နိုင်ပါတယ်။
ရေနွေးဖျောထားတဲ့ ပင်လယ်စာတွေကို ထည့်ပေါင်းပါ။
အဲဒီအချိန်မှာ ငရုတ်သီးစိမ်းကို ဓားပြားရိုက်ထည့်ပြီး သံပုရာရည် (သို့) ရှောက်ရည် (အသီးကို ညှစ်ထည့်ပါက ပိုမို ကောင်းမွန်ပါမယ်)။
ချဉ် ငံ စပ် အရသာကို မိမိ နှစ်သက်သလို ထည့်ပါ။
စားသုံးခါနီးမှ ခရမ်းချဉ်သီး လေးစိတ်ခွဲနဲ့ ရှမ်းနံနံ ပါးပါးလှီး၊ ငရုတ်ခြောက်တောင့် ကြော်လေးနဲ့ အလှဆင်ကာ (ကြိုက်နှစ်သက်ပါက နံနံပင်ပါ) ထည့် သုံးဆောင်နိုင်ပါတယ် …။

Source: ဧရာဝတီ
‌Read More

Ko Thurein ၏စုစည်းထားမှုများ © 2010 စတင်မှတ်သားစုစည်းသည် | Powered by:Blogger

Designed By:Windroidclub ဖန်တီးသူ:Ko Thurein