Saturday, 11 October 2014

အသီးအနှံများ၏ English အခေါ်အဝေါ်


Pumpkin = ဖရုံသီး။

Gourd = ဘူးသီး

Tomato =ခရမ်းချဉ်သီး။

Bitter gourd =ကြက်ဟင်းခါးသီး။

Potato =အာလူး

Lady’s finger =ရုံးပတီသီး။

Chilli =ငရုတ်သီး။

Brinjal =ခရမ်းသီး။

Cucumber =သခွားသီး။

Lychee =လိုင်ချီးသီး။

Pomegranatc =တလည်းသီး။

Jackfruit = ပိန္နဲသီး။

Star fruit =စောင်းလျားသီး။

Lime =သံပရာသီး။

Longan =တောကြက်မောက်သီး။

Avocado =ထောပတ်သီး။

Coconut =အုန်းသီး။

Palmira =ထန်းသီး။

Plum =ဇီးသီး။

Mango =သရက်သီး။

Mangosteen =မင်းကွတ်သီး။

Marian =မရမ်းသီး။

Strawberry =စတော်ဘယ်ရီသီး။

Dragon fruit =နဂါးမောက်သီး။

Orange =လိမ္မော်သီး။

Grape = စပျစ်သီး။

Apple =ပန်းသီး။

Pineapple =နာနတ်သီး။

Sugar apple =သြဇာသီး။

Sugar maple =သကြားသီး။

Custard apple =သြဇာသီး။

Bale fruit =ဥသျှစ်သီး။

Drumstick =ဒန့်သလွန်သီး။

Chestnut =သစ်အယ်သီး။

Credit to နားလည္ရခက္ေသာ အဂၤလိပ္စကားလံုးမ်ား

Wednesday, 8 October 2014

ထူးကဲဟင်းလျားတို့၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များ

ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းများအသုံးပြုကြပေသည်။

၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။

၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)

၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။

၄။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။

၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ်ကိုထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါမည်။ 

၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါသည်။

၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျာတို့ အရသာလျှို့ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။

၈။ ဝက်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ဝက်သားတရုတ်ချက်အရသာ ပေါ်လာစေမည်။

၉။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထားစရာပါ။ 

၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။

၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။ ၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။

Credit to : စားဖိုဆောင်ချစ်သူ