Monday, 31 January 2011

သံဝေဂယူရန်


လာတုန်းကလည်းတစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

လာပြီးတော့နား မသွားသေးခင်
အချိန်ကလေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနဲ့
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်စောလျှင် ခရီးနှင်သည်
ဒို့များဧည့်သည်ပါတကား။

သံဝေဂ ရင့်သန်ပွားများနိုင်ကြပါစေ...။
သာဓု သာဓု သာဓု