Monday, 31 January 2011

သီလရှင်အားရှိခိုးခြင်း

မေးခွန်း -- ရိုသေစွာလျှောက်ထား မေးမြန်းအပ်ပါသည် အရှင်ဘုရား။ လူမိန်းမတို့ သီလရှင်ဝတ်ခြင်း ကို မြတ်စွာဘုရားက ခွင့်ပြုခဲ့ပါသလား ဘုရား။ ယောက်ျားသားတို့ အနေနဲ့ သီလရှင်းအား ရှိခိုးထိုက်၊ ဘုရားထူးခြင်းများ ပြုအပ်ပါသလား။ ရဟန်းတု၊ ရဟန်းယောင် များကို၊ ရဟန်းအစစ်ထင်၍လှူဒါန်းပြုလျှင် ကုသိုလ်ရနိုင်ပါသလား။ မသိနားမလည်၍ မေးမြန်းလျှောက်ထားရခြင်းဖြစ်ပါသည်..။

အဖြေ- သီလရှင်ဝတ်ဘို့ မြတ်စွာဘုရား ခွင့်ပြုသလားဆိုတာကို မပြောခင်မှာ ဘုရားရှင်လက်ထက်နဲ့ အဲ့ဒီနောက်အတန်ကြာတဲ့အထိ ဗုဒ္ဓသာသနာ သမိုင်းမှာ ထင်ရှားရှိခဲ့တဲ့ ဘိက္ခုနီနဲ့ သိက္ခမာန် အကြောင်းကို နည်းနည်းပြောပြသင့်ပါတယ်။။ အဲ့ဒါဆိုရင်ပိုပြီးရှင်းသွားပါလိမ့်မယ်..။

ဘိက္ခုနီ

ဘိက္ခုနီ ဆိုတာ ရဟန်းမိန်းမပါ.။ သိမ်ထဲမှာ၊ ကမ္မဝါစာဖတ်ပြီး ပထမဘိက္ခုနီသံဃာထံမှာ တစ်ကြိမ်၊ ဒုတိယ ဘိက္ခုသံဃာထံမှာ တစ်ကြိမ် ပေါင်း ၂ ကြိမ် ခံရပါတယ်။ မိထွေးတော် ဂေါတမီအပါအဝင် ရှေးဦး ဘိက္ခုနီတွေကတော့ မြတ်ဗုဒ္ဓရဲ့ အထူးခွင့်ပြုချက်နဲ့ ဘိက္ခုနီဖြစ်လာကြလို့ ခြွင်းချက်ပေါ့။ ယနေ့ခေတ် ဘိက္ခုတွေရဲ့ သင်္ကန်းပုံစံအတိုင်းပဲ ဝတ်ရုံကြရတယ်.။ ဘိက္ခုနီတွေဟာ ပိုတာ ကအပေါ်ပိုင်းမှာ ရင်စည်း သင်္ကန်းတိုနဲ့ အောက်ပိုင်းမှ အတွင်းကခံဝတ်တဲ့ ဥတုနှီးလို့ခေါ်တဲ့ သင်္ကန်းတစ်မျိုးပါပဲ။ ဘိက္ခုတွေရဲ့ သိက္ခာပုဒ် ၂၂၇ ပါး။ ဘိက္ခုနီတွေရဲ့ သိက္ခာပုဒ်က ၃၁၁ ပါး။ ၈၄ ပါး ကွာတာပေါ့..။

သိက္ခမာန်

ဘိက္ခုနီမပြုခင်မှာ ငါးပါးသီလနဲ့ ဝိကာလဘောဇန (နေမွန်းလွဲမစား)ဆိုတဲ့ သိက္ခာပုဒ် ၆ ပါးကို စောင့်ထိန်းပြီး ၂ နှစ်နေရသေးတယ်..။ အဲ့ဒီလိုနေဆဲကာလမှာ သိက္ခမာန် လို့ခေါ်တယ်။ ယနေ့ခေတ် သီလရှင်တွေ ရဲ့ရှေ့ပြေးလို့ဆိုနိုင်မလားပါဘဲ.။ ဒါပေမယ့်လူဝတ်ကြောင် အဝတ်အစားနဲ့ ခေါင်းမရိတ်ဘဲ နေနိုင်တယ်..။ သိက္ခမာန် ၂ နှစ်မလုပ်ရင် ဘိက္ခုနီ ပြုခွင့်မရှိဘူး။ တောင်းပိုင်း( ထေရဝါဒ) ဗုဒ္ဓသာသနာ အစဉ်အလာမှာ သိက္ခမာန် တွေနဲ့ ဘိက္ခုနီတွေ ခပ်စောစောကပင် ကွယ်ပျောက်သွားပုံရတယ်လို့ သုတေသီ တို့ဆိုတယ်..။

သီလရှင် 

ဖန်ရည်စွန်း အဝတ်ကိုမြတ်နိုးကြတဲ့ထေရဝါဒနိုင်ငံက ဗုဒ္ဓဝါဒီအမျိုးသမီးတွေဟာ သံဃာတော်တွေကို အားကျပြီး အတုယူကျင့်သုံးရာကနေ သီလရှင်သာသနာ ထွန်းကား လာတာ ဖြစ်ဖွယ်ရှိပါတယ်။မြတ်ဗုဒ္ဓလက်ထက်က သီလရှင်ဆိုတာ မရှိပေမယ့် ဘိက္ခုနီပြုဖို့တောင် ခွင့်ပြုခဲ့သေးတာပဲ။ သီလရှင်တွေဟာ ရှစ်ပါးသီလကိုပဲ စောင့်ပေမယ့်ဒီထက်ပိုပြီး အများကြီးနက်ရှိုင်း ပါတယ်..။
အလှအပနဲ့ မာန်မာနကို ခဝါချပြီး.. နိက္ခမ္မပါရမီ ဖြည့်ကျင့်နိုင်ကြလို့ သီလရှင်တစ်ပါးရဲ့ ဘဝဟာ အင်မတန် ကြည်ညိုလေးစားစရာ ကောင်းပါတယ်။ သီလရှိသူအနေနဲ့ ရိုသေပူဇော်ရှိခိုးကြရာမှာ ကျား၊မ ခွဲခြားမှုမရှိပါဘူး..။ သီလဂုဏ်ရည်ကို မြတ်နိုးဦးတင်တာပါ..။

ရဟန်းအတု

ဗုဒ္ဓရဲ့ အဆုံးအမမှာ စိတ်ထားတာ အရေးကြီးပါတယ်.။ ရဟန်းတုကို ရဟန်းစစ်အမှတ်နဲ့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုပြီး ရိုသေ ပူဇော်မှုပြုရင် အကျိုးဖွဲ့ဖြိုးမှု နည်းနိုင်ပေမယ့် အကုသိုလ်တော့ မဖြစ်ပါဘူး..။ ရဟန်းတုမှန်းသိရင်တော့ လျစ်လျူ ရှုထားလိုက်ပါ..။
‌Read More

မြန်မာတွေ ဘာကြောင့်ဆင်းရဲရတာလဲ

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်း တွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -
၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။ ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
‌Read More

အာဇီဝမဋ္ဌမက သီလရှင်းတမ်းနှင့် သီလဆောက်တည်ပုံ

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝမဋ္ဌမက သီလံံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ဝဒါမိ တံ ဝဒေထ။
အာမ ဘန္တေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ်ဏံ ။
အာမ ဘန္တေ

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*ဂပိသုဏဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
*ဖရုသဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏
*သမ္ဖပ္ပလာပ ဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ပိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏
*မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မှားယွင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ပါ၏။
တိသရဏေန သဟ အာဇီဝဋ္ဌမက သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမဘန္တေ

ဤ အာဇီဝမဋ္ဌမက သီလသည် တစ်ကြိမ်လောက်ဆောင်တည်ပြီးလျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်ဆောက်တည်ဖွယ် မလို၊အခြားသော ငါးပါး ရှစ်ပါးသီလများလည်း မကျိုးပျက် သေးသမျှ နောက်ထပ်ဆောက်တည်ဖွယ်မလို ၊ သို့သော် ထပ်၍ဆောက်တည်ခြင်း၌ကား အပြစ်မရှိ။

အာဇီဝမဋ္ဌမက- အသက်မွေးဝမ်းကြောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအဝယ်ဟူသမျှကို ပါဠိလို အာဇီဝဟုခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို မိစ္ဆာဇီ၀ ဟုခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝဟု ခေါ်၏၊ ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို အဋ္ဌမက ဟုခေါ်၏။

ပါဏာတိပါတမှ ရေတွက်လျင် မိစ္ဆာဇီဝါ ဝေရမဏိသည် ရှစ်ပါးမြောက်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝမဋ္ဌမက သီလဟုခေါ်၏၊

ဤအာဇီဝမဋ္ဌမက သီလဆောက်တည်ပုံကို ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြ၊ ငါးပါးဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ကြဟန်တူ၏၊ ထိုရှစ်ပါးတို့တွင် နံပတ် တစ်မှ နံပတ် ခုနစ်ထိ သိက္ခာပုဒ်တို့မှာ သုစရိုက်ဆယ်ပါးတွင် ကာယကံ သုံးပါးနှင့် ဝစီကံလေးပါးတည်း၊ ထို ၇ ပါးလုံခြုံသော သူတော်ကောင်း၌ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်ပါမူ အာဇီဝမဋ္ဌမက သီလ ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ အမြဲလုံခြုံနေပါသည်။

ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ အာဇီဝမဋ္ဌမက သီလကိုလည်း ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏၊ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် သီလဖြစ်သကဲ့သို့ ဤအာဇီဝမဋ္ဌမက သီလသည်လည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမည့် သီလဖြစ်သည်၊ဤ အာဇီဝမဋ္ဌမက သီလကို ကျမ်းဂန်များ၌ အာဒိဗြဟ္မစရိယသီလ ဟုလည်းခေါ်သေး၏၊ဤ အာဇီဝမဋ္ဌမက သီလလုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်၏၊ ဤအာဇီဝမဋ္ဌမက သီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင် ။ ထို့ကြောင့် ဤအာဇီဝမဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အခြေခံသီလ ဖြစ်သည်။
‌Read More

ဆယ်ပါးသီလ ခံယူဆောက်တည်ပုံ

အဟံ ဘန္တေ  တိသရဏေန သဟ ဒသ ဂဟဋ္ဌ  သီလံံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ဝဒါမိ တံ ဝဒေထ။
အာမ ဘန္တေ
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ်ဏံ ။
အာမ ဘန္တေ

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊
*နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင် ကြည့်ရှု့ခြင်းမှ ရှောင်ကြည်ပါ၏။
*မာလာဂန္ဒ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 ပန်းနံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏။
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။
*ဇာတရှုပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ရွှေငွေကိုင်ခြင်း ခံယူခြင်း စီမံခြင်းမှ ရှောင်ကြည်ပါ၏။
တိသရဏေန သဟ ဒသ ဂဟဋ္ဌ  သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမ ဘန္တေ

‌Read More

ကိုးပါးသီလ ခံယူဆောက်တည်ပုံ


အဟံ ဘန္တေ  တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထ သီလံံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ဝဒါမိ တံ ဝဒေထ။
အာမ ဘန္တေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)

သရဏ ဂမနံ ပရိပုဏ်ဏံ ။ 
အာမ ဘန္တေ

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊
*နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဒ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏။
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။
*မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ဝိဟရာမိ၊
 မေတ္တာစိတ်ဖြင့် သတ္တဝါအားလုံးတို့ အပေါ်ဖြန့်၍ နေပါမည်။

တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမ ဘန္တေ

‌Read More

ရှစ်ပါးသီလ ခံယူဆောက်တည်ပုံ


အဟံ ဘန္တေ  တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထ သီလံံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ဝဒါမိ တံ ဝဒေထ။
အာမ ဘန္တေ
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ်ဏံ ။ 
အာမ ဘန္တေ
*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊
*နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဒ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏။
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။

တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေနသမ္ပာဒေထ
အာမ ဘန္တေ
‌Read More

ငါးပါးသီလ ခံယူဆောက်တည်ပုံ


အဟံ ဘန္တေ  တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။(ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ဝဒါမိ တံ ဝဒေထ။ 
အာမ ဘန္တေ
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ်ဏံ ။ 
အာမ ဘန္တေ

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
*ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊
*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမ ဘန္တေ

‌Read More

ကောသလမင်း အိမ်မက်(၁၆)ချက်

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။

  • နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။

  • နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

  • နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။

  • နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

  • နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

  • နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။

  • နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။

  • နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။

  • နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။

  • နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။

  • နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။

  • နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘုူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။

  • နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။

  • နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။

  • နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။

  • နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
‌Read More

သံဝေဂယူရန်


လာတုန်းကလည်းတစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

လာပြီးတော့နား မသွားသေးခင်
အချိန်ကလေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနဲ့
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်စောလျှင် ခရီးနှင်သည်
ဒို့များဧည့်သည်ပါတကား။

သံဝေဂ ရင့်သန်ပွားများနိုင်ကြပါစေ...။
သာဓု သာဓု သာဓု

‌Read More

ဗုဒ္ဓဘာသာ စကားလုံးများ၏ အဓိပ္ပါယ်

(က) ကိုးကွယ်မှု = အားကိုးလျှင် - ကာကွယ်ပေးခြင်း
  • (အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘ လိုချင်) ကြောင့် မသိမမြင်၊ အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ။
  • (အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင် ခွန်အားမျှ ဖြစ်သည်။
(ခ) ဘာသာ = စကား၊ အပြော၊ အယူဝါဒ
  • ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးအနက်မှ ဟိန္ဒူဘာသာသည် ပထမဦးဆုံးပေါ်လာသည့် ဘာသာ ဖြစ်ပြီး စပေါ်သည့် ခုနှစ်မသိရသော်လည်း ဘီစီ ၁၃၀၀ ခန့်တွင် စတင်သည်ဟုခန့်မှန်းကြပါသည်။ ဗုဒ္ဓဘုရား အလောင်းသည် (ခရစ်တော်မပေါ်မီ) (၆၂၃ ခုနှစ်) မှာမွေးခဲ့သည်။ယေရှုခရစ် (ခရစ်ယန်ဘာသာ) ထက် နှစ်ပေါင်း ၅၀၀ နီးပါး၊ မိုဟာမက် (အစ္စလာမ်ဘာသာ) ထက် (၁၁၇၀) နှစ်စောပြီး မွေးခဲ့သည်။
(ဂ) သာသနာ = အဆုံးအမ
  • ပဋိယတ္တိသာသနာ = စာသင်၊ ဟောပြော၊ ဆွေးနွေး
  • ပဋိပတ္တိသာသနာ = စာအသိ၊ အပြောအသိကို ခန္ဓာကိုယ်တွင်း ရှုမှတ်
  • ပဋိဝေဓသာသနာ = ခန္ဓာတွင်း ရှုမှတ်ကျင့်လို့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အကျိုးရ

(ဃ) ကျေးဇူး = မိမိနှင့်အများအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်
  • အများဆိုင်ရာ ကျေးဇူးရှင် = ဘုရား၊ တရား၊ သံဃာ
  • မိမိဆိုင်ရာ ကျေးဇူးရှင် = မိဘ၊ ဆရာ
(င) ပုံတော်နှင့်ဂုဏ်တော်
  • ပုံတော် = (မျက်စိမြင်) (ပျက်စီးနေ) (-) (တစ်ခဏ) (အကာ)
  • ဂုဏ်တော် = (ဉာဏ်မြင်) (တိုးတက်နေ) (+) (ထာဝရ) (အနှစ်)
(စ) ပါရမီ = မြင့်မြတ်သူတို့ ဖြည့်စွမ်းရသောအလုပ် (Noble deed, Noble task)
  • (ယခုဖြည့်ချင် ယခုဖြည့်လို့ရ၊ မြင့်မြတ်စိတ်ထားပြီး ဖြည့်ရန်သာလို)

 Credit to Original Author

‌Read More

ဗုဒ္ဓဝင်အကျဉ်း(၂)

=> ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီ တွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်)      မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
=> ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ်၌ မယ်တော်မာယာဒေဝီခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်းနာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
=> ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ    တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
=> ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့်ကျင့်ခဲ့ရပါသည်။
=> ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
=> ၎င်း ဘီစီ-၅၈၈-(မြန်မာလလို-ဝါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို      ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။
မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

=> ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စဝဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၎င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
=> နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စဝဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။
=> ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။
=> ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ဝါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
=> ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ဝါတော်အနေအားဖြင့်(၄၅)ဝါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
=> ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ဝိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ဝါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရဝါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
=> (BC -443/B.E-100) သာသနာနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ဝါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေဝတမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
=> (BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ဝိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေဝမထေရ် ဦးဆောင်ကာကြွ။
၃။ ဝနဝါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၄။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမဝန္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
=> (B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ဝဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနော်ရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
=> A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
=> A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေဝတမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရဝါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ဝန်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ဝိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ဝိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ငံကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို အစွန်းရောက်-မူဆလင်ဘာသာဝင် တာလီဘမ်တို့၏ ကမ္ဘာအရပ်ရပ်ကဝိုင်းဝန်းကန့်ကွက်နေသည့်ကြားကဗုံးဖေါက်ခွဲ၍ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

ကိုးကား--
  1. ဝိနည်းစူဠဝါပါဠိတော်
  2. ပါရာဇိကဏ္ဍအဋ္ဌကထာ
  3. မဟာဝံသ
  4. စူဠဝံသ
  5. ဦးသာမြတ် “Buddhism in Southeast Asia”  
Credit to Original Author
‌Read More

ဗုဒ္ဓဝင်အကျဉ်း

(က) ရသေ့ဖြစ်ခြင်း
  • သုမေဓာရှင်ရသေ့ဘဝမရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့ ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘဝပြောင်း တရားကျင့်ခဲ့သည်။
(ခ) ဆန္ဒာဓိပတိ
  • ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တဝါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန် လေသည်။ (ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)
(ဂ) ဗျာဒိတ်ယူခြင်း
  • ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘဝမှစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင် အောင်ကြာလှပြီး အသင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်)။
(ဃ) ပါရမီ (ဆယ်ပါး - အပြားသုံးဆယ်)
  1. ဒါန (ဒါ) = ပေးလှူခြင်း
  2. သီလ (သီ) = ကိုယ်နှုတ်စောင့်ထိန်းခြင်း
  3. နေက္ခမ္မ (တော) = ကိလေသာတောမှထွက်ခြင်း
  4. ပညာ (ပ) = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း
  5. ဝီရိယ (အား) = အားစိုက်ကြိုးစား လုံ့လရှိခြင်း
  6. ခန္တီ (ခံ) = သည်းခံခြင်း
  7. သစ္စာ (ဖြောင့်) = ဖြောင့်မတ်/မှန်ကန်ခြင်း
  8. အဓိဋ္ဌာန် (ဋ္ဌာန်) = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ
  9. မေတ္တာ (ပွား) = စင်ကြယ်သောချစ်ခြင်း
  10. ဥပေက္ခာ (လစ်လျူ) = လျစ်လျူရှုခြင်း/အသင့်အားဖြင့် ရှုခြင်း
  • မူလပါရမီ (၁၀) ပါး (ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သား၊ သမီးပါမကျန်ဖြည့်ခြင်း)
  • ဥပပါရမီ (၁၀) ပါး (စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဖြည့်ခြင်း)
  • ပရမတ္ထပါရမီ (၁၀) ပါး (အသက်ကိုပါမကျန် ဖြည့်ခြင်း)
(င) ပါရမီဖြည့်ပုံ
  • ကြာမြင့်လှစွာသောအချိန် ၊ မရပ်မနား ၊ ချန်မထားဘဲ ၊ ရိုရိုသေသေ ၊ ပျော်ပျော်ကြီးဖြည့်
(စ) တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
  • ပါရမီဖြည့်တာ တိကျသေချာမွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့) ၊ မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေဝီ) ၊ မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီဥယျာဉ်) ၊ လူသားအစစ်ဖြစ်ခြင်းမွေးမွေးခြင်းဘုရားမဖြစ် ၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့) ၊ ဘုရားပွင့်သည့်နေရာ (ဗုဒ္ဓဂါယာ)
Credit To Original Author
‌Read More

ဗုဒ္ဓနှင့်ဆိုင်သောနေ့များ

ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူူးနေ့)
(၄) ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)


  • (ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊ ပွားများ နိုင်ရန်)

ဝါဆိုလပြည့် (၅) နေ့

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ဝါဆိုလပြည့် (စနေနေ့)


  • (သာသနာဝင်များသည် ဝါဆိုလပြည့်နေ့၏ အဓိပ္ပယ်ကို လေးလေးနက်နက် နားလည်သင့်ပေသည်။) 

သီတင်းကျွတ်လပြည့်နေ့

ဘုရားရှင်သည် မယ်တော်မိနတ်သားအား ဝါတွင်းသုံးလလုံးအဘိဓမ္မာတရား ဟောကြားခြင်း၊
မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။ ဗုဒ္ဓအလိုတော်ကျမှာ အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်
မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်

  • (လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။)

တပို့တွဲလပြည့်နေ့

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြဝါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လကျ်ာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
‌Read More

ဓမ္မစကြာတရားတော် ၊ သစ္စာတရား ၊ ဗုဒ္ဓသာသနာအနှစ်ချုပ်

ဓမ္မစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လိ’ကာနု ယောဂလက်ယာစွန်း ရောက်နေစဉ် လောဘကိုသာဖြစ်စေပြီး၊(၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၎င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္ဈိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား

အစဉ်ထာဝရမှန်ကန်သောအမှန်တရား
(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။

ဗုဒ္ဓသာသနာအနှစ်ချုပ်

သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။
(က) သိ = ဒုက္ခသစ္စာ (ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ လိုလို့ ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ (ဒုက္ခဖြစ်ပေါ်စေသော အကြောင်းတရား-လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ (ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ(နိရောဓသို့ ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)
‌Read More

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ) 

၁။ သမ္မာဒိဋ္ဌိ = မှန်ကန်စွာ မြင်ခြင်း
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်း
၃။ သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်း
၄။ သမ္မာကမ္မန္တ = မှန်ကန်စွာ ပြုမူခြင်း
၅။ သမ္မာအာဇီ၀ = မှန်ကန်စွာ အသက်မွေးခြင်း
၆။ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း
၇။ သမ္မာသတိ = မှန်ကန်စွာ အောက်မေ့ခြင်း
၈။ သမ္မာသမာဓိ =မှန်ကန်စွာ တည်ကြည်ခြင်း

  • မဂ္ဂင်ရှစ်ပါးကို ချုံ့လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး ၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန် ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဋ္ဌာန်တရားဖြစ်သည်။ (သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်တိုင်)
‌Read More

သြကာသ ဘုရားရှိခိုး အမျိုးမျိုး

သြကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ သြကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ သြကာသ ဘုရားရှိခိုး ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတတ်သည်။

သြကာသ ဘုရားရှိခိုး ၁

သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။


သြကာသ ဘုရားရှိခိုး ၂

သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

မဟာစည်ဆရာတော်ကြီး၏ သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ, ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

မိုးကုတ်ဆရာတော်၏ သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

အများသုံး သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး ၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘဝဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
‌Read More

သြကာသ အကျယ် ရှင်းလင်းချက်များ

အပါယ်(၄)ပါး

၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၄။ အသူရကာယ်
  • ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (ငရဲကြီး - ၈ ထပ်)
  1. အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါ ထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
  2. ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ဝဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊
  3. အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊
  4. မီးတောက်တို့သည် တဝုန်းးဝုန်း့ ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊
  5. မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊
  6. ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
  7. မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံေတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊
  8. မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်ေနေသော အဝီစိငရဲ တို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
  • ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တဝါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တဝါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊
  • တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
  • ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
ကပ်(၃)ပါး

(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။)
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကားများသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။)
(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ရောက်ကြရ၏။)

ရပ်ပြစ်(၈)ပါး

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသောအပါယ်အရပ် ( အသူရကာယ်ကို ပြိတ္တာမျိုး၌ယူ )
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊
(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

ရန်သူမျိုး(၅)ပါး

(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား(၄)ပါး

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။
(၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍
(၃) ဥပဓိဝိပတ္တိ= ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊

ဗျဿနတရား(၅)ပါး

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား။


‌Read More

သရဏဂုံတည်သူ ၊ သရဏဂုံပျက်သူ

သရဏဂုံတည်သူ

ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီးရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေသည်။
သရဏဂုံပျက်သူ

(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှုမှားယွင်းသူ 
(ဥပမာ - ဘုရားအဆုံးအမတွင် မပါသော သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊ မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)
‌Read More

ကုသိုလ်ကောင်းမှု (၄) မျိုး

၁။ ဒါန (စွန့်လွှတ် - လှူဒါန်း)
ဒါန မူလတန်း လူတော် (ကံလမ်း)

၂။ သီလ (ကာယ + ဝစီ ထိန်းသောစည်းကမ်း)
သီလ အလယ်တန်း လူကောင်း

၃။ သမထ ဘာဝနာ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းကိုသာ ရှုခြင်း)
သမထဘာဝနာ အထက်တန်း လူမှန်

၄။ ဝိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကိုရှုခြင်း)
ဝိပဿနာဘာဝနာ တက္ကသိုလ် လူမြတ် (ဉာဏ်လမ်း)

မှတ်ချက်

ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မီ ကာလများစွာကပင် ရှိခဲ့ပေသည်။
လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။

ဘုရားပွင့်လာရခြင်းသည် သတ္တဝါများအားလုံး ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သော ဝိပဿနာရှုမှတ် ပွားများနိုင်စေရန် လမ်းညွှန်ပေးရန် ဖြစ်ပြီး ဒုက္ခသစ္စာမှလွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်သော ဉာဏ်အကျိုးပေး ကို ညွှန်ပြပေးရန် ဖြစ်သည်။
‌Read More

သာသနာ (၃) ရပ်

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။

၁။ ပဋိယတ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့ မိမိဉာဏ်ဖြင့် ရှုမှတ်ပွားများလေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိယတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘော တရားများ သိမြင်လာပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုအကျိုးရရှိခြင်း)

မှတ်ချက်
ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိနှင့် ပဋိပတ္တိသာရှိပေသည်။ (ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)
‌Read More

သံဃာ့ဂုဏ်တော် (၉) ပါး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဌပုရိသပုဂ္ဂလာဧသ ဘဂဝတော သာဝကသံဃော ၊ အာဟုနေယျော ၊ ပါဟုနေယျော ၊ ဒက္ခိနေယျော ၊ အဥ္ဇလီကရဏီယျော ၊ အနုတ္တရံ ပုညက္ခေတံ လောကဿ ။

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သံဃာဂုဏ်တော် ကဗျာ 
သံဃာဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ဆိုကြမယ်-
၁။ ကောင်းကောင်းမြတ်မြတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၂။ ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၃။ နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၄။ ရိုသေထိုက်ရန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၅။ ရပ်ဝေးသယ်လာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၆။ ဧည့်သည်ဖို့ရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၈။ လက်အုပ်ချီမိုး ရှိခိုးအထူးကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၉။ လူ နတ် ဗြဟ္မာ ကောင်းမှုမျိုးကို ၊ အပျိုးထိုက်ဆုံး ယာမြေလယ် ၊ သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ့် အသည်းစွဲအောင် မှတ်ကြကွယ် မှတ်ကွယ် …. မှတ်ကွယ် …. ။
‌Read More

တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂဝတော ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိ ပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟီတိ။

(၁) သွက္ခာတဂုဏ်တော် (ဟော)   = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) သန္ဒိဋ္ဌိကဂုဏ်တော် (ကိုယ်)    = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) အကာလိကဂုဏ်တော် (ဆိုင်း) = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဧဟိပဿိကဂုဏ်တော် (ဖိတ်)      = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) သြပနေယျိကဂုဏ်တော် (ကပ်)= မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်(လက်) = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

“ဓမ္မော ဟေ၀ ၊ ရက္ခတိ ဓမ္မစာရီ´´ တရားကျင့်သူ၊ တရားစောင့်သူကို မြတ်တရားက ပြန်လည်စောင့်ရှောက်ပါပေ၏ ။
‌Read More

ဘုရားဂုဏ်တော် (၉) ပါး

ဣတိပိသော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗေုဒ္ဓေါ၊ ဝိဇ္စာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရောပုရိသဓမ္မသာရတိ၊ သတ္ထာဒေဝ မနုဿနံ၊   ဗုဒ္ဓေါ၊ ဘဂဝါ။
(၁) အရဟံ
    * (က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
    * (ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
    * (ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဉာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား(သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း/သွားခြင်း)
(၅) လောကဝိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။
‌Read More

ခင်ပွန်းကြီး (၁ဝ) ပါး

ဗုဒ္ဓါ ၊ ပစ္စေကဗုဒ္ဓါစ ၊ အာရဟာ ၊ အဂ္ဂသာဝက၊မာတာ ၊ ပိတု ၊ ဂုရု ၊ သတ္တာစ၊ဓမ္မဒေသကာစ ၊ ဒါယကာ ၊
ဣမေဒါသမဟာဂုနေစ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁။ ဗုဒ္ဓါ - တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလည်းကောင်း၊
၂။ ပစ္စေကဗုဒ္ဓါစ - သစ္စာလေးပါးကို သိပြီးပါလည်း၊ ဟော်ကာမပြသီးခြားရသော ပစ္စေကဗုဒ္ဓ္ဓါတို့အားလည်းကောင်း၊
၃။ အာရဟာ - အာသဝေါကုန်ခမ်း၊ ရဟန်းတာ အရှင်မြတ်တို့သည်လည်းကောင်း၊
၄။ အဂ္ဂသာဝက - လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့အား လည်းကောင်း၊
၅။ မာတာစ - ကိုးလလွယ်၍ ဆယ်လဖွားကာ အစာ စိမ့်ဆေး နိုးချိုပေးသဖြင့် မွေးသမိခင်ကျေးဇူးရှင် အားလည်းကောင်း၊
၆။ ပိတုစ - လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသဖြင့်မွေးသဖခင်ကျေးဇူးရှင် အားလည်းကောင်း၊
၇။ ဂုရုစ - တရားသိရန် ဆုံးမပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာမြတ်တို့အားလည်းကောင်း၊
၈။ သတ္တာစ - လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေးတတ်သော ဆရာသခင်တို့အားလည်းကောင်း၊
၉။ ဓမ္မဒေသကာစ - သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန့်ကြား မှောက်မှားရအောင် ဆုံးမပေးတတ်သော တရားဟောဖော် မြတ်သူတော်တို့အားလည်းကောင်း၊ 
၁ဝ။ ဒါယကာစ - စားဝတ်နေရေး မနှောင့်ရေအောင် ပေးကမ်းစွန့်ကြဲတတ်သူတို့အားလည်းကောင်း
ဣမေဒါသမဟာဂုနေစ - ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏပင်မြင့်ကြူး ဤ(၁ဝ)ဦးသောသူတို့ကို
အဟံ - ကျွန်ုပ်သည် 
သဗ္ဗဒါ - အခါးခပ်သိမ်း 
ဝန္ဒာမိ - ရှိခိုးပါ၏ဘုရား။
‌Read More

Ko Thurein ၏စုစည်းထားမှုများ © 2010 စတင်မှတ်သားစုစည်းသည် | Powered by:Blogger

Designed By:Windroidclub ဖန်တီးသူ:Ko Thurein