Friday, 3 November 2017

ဆေးပေါင်းခတဲ့ည



မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာများစွာထဲမှ တစ်ခုဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင်၌ ဆေးပေါင်းခသည်ဟု မှတ်ယူကြကာ မဲဇလီဖူးကို ဟင်းချို ချက်သောက်ခြင်း၊ သုပ်စားခြင်း၊ တို့မြှုပ်စားခြင်းများသည် အစဉ်အလာကောင်းတစ်ခုအဖြစ် ပါဝင်ပါသည်။ ထိုအလေ့အထသည် နက္ခတ္တ နယဝေဒပညာရှင်ကြီး တို့ ၏ ကောင်းမြတ်သော စေတနာဖြင့် ညွှန်ကြား ခဲ့ သည်မှ ဆင်းသက်လာသောအစဉ်အလာကောင်းတစ်ခုဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင် ကို ဆေးေ ပါင်းခ သည်ဟု ရွေးချယ်ခဲ့ကြခြင်းမှာ ခါးသောအရသာတို့သည် ဆေးဖြစ်တတ်၏ ဟူ သော ဆေးကျမ်းလာ ဓာတ်သဘောအရဝေ ဒဆရာကြီး များက ရွေး ချယ်ခဲ့ကြခြင်းဖြစ်၏။

သက်ရှိသတ္တဝါတု့ိ၏ ကျန်းမာပြီး အသက်ရှင်သန်မှုတို့မှာ တေဇော ခေါ် အပူဓာတ်(မီးဓာတ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၏။ ဆေးပညာ သဘောအရ ထိုတေဇော ဓာတ်ပျံ့နှံ့မှု အတွက် ဝါယောဓာတ်သည် နောက်ကွယ်မှ ကြိုးကိုင်၍နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဝေဒပညာရှင်တို့က မဲဇလီကို ခါးသော အရသာနှင့် တေဇောဓာတ်၊ ဝါေ ယာဓာတ်နှစ်ပါးတို့ စွမ်းအင်သတ္တိ တို့ကို ပေါင်းစပ်၍ အင်အားဖြည့်ကာ စားသောက်အသုံးပြုစေခြင်းဖြစ်ဟန်တူပါသည်။ မဲဇလီသည် ဝါယော(လေ) တေေ ဇာ (မီး ဓာတ်) နှစ်ပါးတို့ ကြီးမှူး၍ ခါးသော အရသာရှိသော သစ်ပင်မြောက် မြားစွာတို့ အနက်မှ မဲဇလီပင်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

တစ်ဖန် တန်ဆောင်မုန်းလ၌သာလျှင် ကြတ္တိကာနက္ခတ်နှင့် လပြည့်ဝန်းတို့ အတူယှဉ်တွဲ၍ မွန်းတည့်ခြင်းကြောင့် တန်ဆောင်မုန်းလကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ တစ် ဖန်ကြတ္တိကာ နက္ခတ်၏ ပထမပါဒ်သ တေဇော(မီး ဓာတ်)အားကောင်းသော မိဿရာသီ၏ နောက်ဆုံး အံသာအတွင်း၌ ရပ်တည် ၍နေပြီး၊ တေ(မီး)နက္ခတ်၏ စွမ်းအင် သတ္တိ ကို ရယူလိုခြင်းကြောင့် ကြတ္တိကာ နက္ခတ်ကို ရွေးချယ်ရခြင်းဖြစ်၏။

တစ်ဖန်လပြည့်ဝန်းသည် ဆီး နှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသော အညစ်အကြေးငါးပါးကင်းမှသာလျှင် လပြည့်ဝန်း၏ စွမ်းအင်သတ္တိကို အပြည့် အဝရရှိနိုင်မည်ဖြစ်ရာ၊ တန်ေ ဆာင်မုန်းလ သည် ညစ်မျိုး(၅)ပါးတို့မှ ကင်းစင်သော လဖြစ်ခြင်းကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖန် အခိုးအငွေ့တို့ကို ထွက်စေနိုင် သည့် အာကာသဓာတ်လွှမ်းမိုးသော၊ ရောဂါခပ်သိမ်းကို ပျောက်ကင်းစေ တတ်သော၊ အသက်ကို ကယ်တင်စေ နိုင်သော ဇီဝကို ကြာသပတေး ဂြိုဟ် ကြီး၏ နဝင်း၌ စီး ၍နေသောကြောင့်၊ ကြာသပတေးဂြိုဟ်၏ စွမ်းအင်သတ္တိ ကို ရယူလို၍ ကြတ္တိကာ နက္ခတ်၏ ပထမ ပါဒ်သကို ရွေးချယ်ရခြင်းဖြစ်ပါသည်။

လပြည့်ဝန်းကြီး လပြည့်သည့် အချိန်နှင့် ကြတ္တိကာ နက္ခတ်တို့အတူ ယှဉ်တွဲ၍ မွန်းတည့်သည့်အချိန်ကို မျက် မြင်အားဖြင့် ကြည့်မည်ဆိုလျှင် တန် ဆောင်မုန်း လပြည့် ည၌ ကောင်းကင် ကို မော့ကြည့်သည့်အချိန်တွင် မိမိတို့၏ ဦးခေါင်းပေါ်တည့်တည့်၌ လပြည့်ဝန်းကြီး သည် တောင်ဘက်သို့ အနည်းငယ် တိမ်းစောင်းပြီး၊ ကြတ္တိကာန က္ခတ်ခေါ် ဖျောက်ဆိပ်သည် မြောက်ဘက်သို့ အနည်းငယ်ယွန်း၍ တည်ရှိနေမည်ဖြစ် သည်။ အကွာအဝေးအားဖြင့် မြောက်(၄)အံသာ၊ (၂၁၅) လိတ္တာကျနေမည်ဖြစ် ၏။ ထို အချိန်သည် ဆေးပေါင်းခချိန်ဖြစ် ၍ ဆေးကြူးခြင်း၊ ဆေးဖော်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

ဆေးပေါင်းခသည့် မဲဇလီကို အသုံးပြုရာတွင် မဲဇလီပင်၏ အဖူးအပွင့်များ သာမက၊ ပဉ္စငါးပါးဖြစ်သည့် အမြစ်၊ အခေါက်၊ အရွက်၊ အဖူးအပွင့်၊ အသီးတို့ကို ခူးထားပြီး၊ ၎င်းအ ပင်၏ သဘာဝ စွမ်းရည်သတ္တိများ မပျောက်ပျက်သွားစေရန် အခြောက်လှန်းသည့် နည်းစနစ်ကို အသုံးပြု၍ သိမ်းထားရမည်ဖြစ်သည်။ ၎င်းတို့ကို လိုအပ်သည့်အချိန်၌ လို အပ်သလို အသုံးပြုနိုင်ပါသည်။ သို့ သော်..ဆေးပေါင်းခသည့်အချိန်၌ခူး၍ လရောင်အောက်၌ ချက်ချင်းစားသောက် ခြင်းသည်ကား တန်ဖိုးအာနိသင်ပို၍ အစွမ်း ထက်မြ က်စေမည်ဖြစ်ပါသည်။

မဲဇလီကို ဆေးဘက်ဝင်အဖြစ် စားသုံးရာ၌ ဈေးထဲတွင် အစည်းကလေး များပြုလုပ်၍ လည်းကောင်း၊ အဖူးကလေးများကို ခြွေဆွတ်၍ ပြည်တောင်း၊ နို့ဆီဘူးခွက်တို့ဖြင့် ချိန် ထည့်ရောင်းသည်ကို ဝယ်ယူလာကြပြီး တန်ဆောင်မုန်း လပြည့်နေ့ညတွင်မှ ပြုတ်သုပ်၍ စားသောက်ရ ခြင်းမျိုး မဟုတ်ရပါ။ အချိန်မှာ တန်ဆောင်မုန်းလပြည့် တော့ မည့်နေဝင်ချိန်မှစ၍အရှေ့မိုးကုတ် စက်ဝိုင်းမှ ကြတ္တိကာ နက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်နှင့် လပြည့်ဝန်းတို့သည် မတိမ်းမယိမ်း အတူယှဉ်တွဲ၍ ထွက်ပေါ်လာ ကြပြီး မိမိ တို့ ၏ ဦးခေါင်းတည့်တည့်သို့ ရောက်သောအခါ၌ တောင်မြောက် လတ္တီတွဒ်မျဉ်းတန်းအားဖြင့် တစ်တန်းတည်းဖြစ်နေသော အချိန်ဖြစ်ရပါမည်။

မှတ်ချက်။ ။ ဝေါဟာရမာသ တန် ဆောင်မုန်းလပြည့်နေ့ညဟု ခေါ်ဆို တိုင်းလည်း လပြည့်ဝန်းကြီးသည် ဝိုင်း ဝိုင်းစက်စက် လပြည့်ချင်မှ ပြည့် မည် ဖြစ်ေ သာကြောင့် ဝေါ ဟာရမာသ တန်ဆောင်မုန်းလပြည့်ကို တရားသေမယူဘဲ လပြည့်ဝန်းကြီး ဝိုင်းဝိုင်းစက်စက်ဖြစ်သည်၊ မဖြစ်သည်ကို သတိထားရမည်ဖြစ် သည်။တန်ဆောင် မုန်း လပြည့်ညတွင် ကောင်းကင်တစ်ခွင်လုံး အလွန်သာယာလှပနေပါသည်။ ဝင်းပကြည်လင်သော လပြည့်ဝန်းနှင့်အတူ ကြတ္တိကာ နက္ခတ်နှင့် ကျီးတာရာ၊ ဟင်္သာတာရာ၊ ကြယ်တာရာ နက္ခတ်ပေါင်းစုံကွန့်မြူးနေ ပေသည်။ ဤသို့ ကောင်းကင်နက္ခတ် စုံလင်နေသဖြင့် တစ်ဆယ့်နှစ်ခါသော လပြည့်ညများထဲတွင် အလှဆုံး၊ အတင့် တယ်ဆုံး လပြည့်နေ့ညဖြစ်ပါသည်။

ဤတန်ဆောင်မုန်းလပြည့်ည အချိန် အခါတွင် သစ်ရွက်သစ်ဖူးတို့၌ မဲဇလီဖူးသည် ဆေးပေါင်းခသည်ဟု အယူ ရှိကြပါသည်။ မဉ္ဇရီဟူ၍လည်းကောင်း၊ နတ်ပန်းမဉ္ဇူဟူ၍ လည်းကောင်း တင်စားခေါ်ဆိုကြသော မဲဇလီဖူးသုပ် သည် ရာသီစာဖြစ် ပြီး စားသုံးကြသူတိုင်း အနာရောဂါ ဘယ၊ အန္တရာယ်ကင်းရှင်း သည်ဟု ဆိုကြပါသည်။ သို့ဖြစ်ရာ မိသားစုများအလိုက်၊ အိမ်နီးချင်းများ စုပေါင်း၍လည်းကောင်း၊ အသင်းအဖွဲ့အနေအားဖြင့်လည်းကောင်း မဲဇလီဖူး တို့ကို သုပ်စားလေ့၊ ဝေငှလေ့ရှိသည့် ချစ်စရာမြန်မာတို့၏ ဓလေ့စရိုက်ကို လည်း ကြည်နူးဖွယ်ရာ မြင်တွေ့နိုင်ပါ သည်။

မန်လည်ဆရာတော်၏ မာဃ ဒေဝလင်္ကာကျမ်း၌ ” ထို့ပြင်နောက်မှာ နှစ်ရာကျော်ငြား ငါးဆယ့်ငါးဖြင့် ရက်ပွားရောက်လွန် ဆုံးစွန်ဝဿသရဒဟု မိုးလကုန်စဲ၊ ကထိန်ပွဲနှင့်..” ဟူ ၍ အတာကူးပြောင်းပြီး ၂၂၅ရက်မြောက်သော တန်ဆောင်မုန်းလ၊ မိုးဥတုအဆုံး “သရဒဥတု” အချိန်အခါ၌ ကထိန်ပွဲများ ကျင်းပကြောင်း ဖော်ကျူး ထားပါ သည်။ မသိုး သင်္ကန်းကပ်လှူခြင်းသည် ကထိန်အလှူမှထပ်ဆင့် ပေါ်ပေါက် လာသော ဒါနပွဲဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာဝယ် သံဃာတော်များကို ကိုယ်တိုင်ချုပ်ဆိုးထားသော သင်္ကန်း အား ညအိပ်မသိမ်းဆည်းဘဲ လှူဒါန်း သောနေ့ အရုဏ်မတက်မီ သင်္ကန်းချုပ် ဆိုးမှုနှင့် အပ်နှင်းမှုများအား ပြီးစီးအောင် ဆောင်ရွက်နိုင်သော သင်္ကန်းကို မသိုး သင်္ကန်းဟု ခေါ်ပါသည်။ သင်္ကန်းချုပ် ဆိုးနေစဉ် အရုဏ်တက်လျှင်ဖြစ်စေ၊ အပ်နှင်းမှု လုံးဝမပြုဘဲ ညသိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟု ဆိုပါသည်။

မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲကို နှစ်စဉ်မြန်မာပြည်အနှံ့အပြားရှိ တန်ခိုး ကြီးဘုရားပရဝဏ်အတွင်း ကျင်းပလေ့ရှိ ရာ ရက်ကန်းစင်အသီးသီးက အမည် အမျိုးမျိုးဖြင့် ပါဝင် ယှဉ်ပြိုင်လေ့ရှိသည် ကို တွေ့ရပါသည်။ ဤမြင်ကွင်းမှာလည်း မြန်မာတို့၏ ဘာသာသာသနာရိုသေ ကိုင်းရှိုင်းမှုနှင့် မြန်မာ့ရိုးရာအထည်ရက်လုပ်ခြင်း၊ လက်မှုအနုပ ညာ တို့ကို သရုပ်ဖော်ပြသသည့် မြတ်နိုးဖွယ် မြင်ကွင်း တစ်ခုပင်ဖြစ်ပေတော့သည်။

Photo & Post Credit From Internet

Ko Thurein ၏စုစည်းထားမှုများ © 2010 စတင်မှတ်သားစုစည်းသည် | Powered by:Blogger

Designed By:Windroidclub ဖန်တီးသူ:Ko Thurein