Sunday, 31 May 2020

FastStone Capture

Screen Capture တွေမှာ ကျွန်တော်အကြိုက်ဆုံးဆော့ဝဲလ်တစ်ခုကတော့ FastStone Capture ပါပဲ။ ကိုယ်သုံးနေကျဆော့ဝဲလ်တွေ လိုအပ်တဲ့အခါ ပြန်ရှာရတာ အဆင်ပြေအောင်လို့ ကိုယ့်မှတ်စုစာအုပ်လေးထဲမှာလာသိမ်းထားလိုက်တော့တယ်။

Download
‌Read More

အရောင်တွေရဲ့ code နံပါတ်များဖေါ်ပြတဲ့ Color Pix

အရောင်တွေမှာ သူတို့အတွက် သတ်မှတ်ထားတဲ့ ကုဒ်နံပါတ်တွေရှိပါတယ်။ ဒီကုဒ်တွေကို သိဖို့အတွက်ဆိုရင်တော့ https://www.color-hex.com/ လိုဆိုဒ်မျိုးမှာရှာနိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးကတော့ အင်တာနက်ဖွင့်ပြီး တကူးတက ရှာနေစရာမလိုပါဘူး။  Color pix ဆော့ဝဲလ်လေးကိုဖွင့်ပြီး အဲ့ကာလာပေါ်ထောက်လိုက်တာနဲ့ အဲ့အရောင်ရဲ့ကုဒ်ပေါ်လာမှာပါ။ File Size ကလဲ 600 Kb လောက်ပဲရှိပါတယ်။ 


ဆော့ဝဲလေးကို ဒီမှာ ဒေါင်းပါ။
‌Read More

Monday, 25 May 2020

Yangon Postal Code

ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီး၏ စာတိုက်သေတ္တာအမှတ်များအား စုစောင်းထားခြင်းဖြစ်ပါသည်။

Myanmar Postal Codes
The postal codes (zip codes, or sometimes also called post codes) of different townships in Yangon are listed as below. Some townships are divided into two or more branches.
Yangon Postal Code
Are you looking for Post Codes or Zip Codes for your township?
Most frequently needed postcodes are those from Yangon townships.

Post Office - Township - Postal Code
NameTownshipPost Code
AhloneAhlone11121
Aung SanInsein11012
BahanBahan11201
Bayintnaung Market (Thamine)Mayangone11062
Bogyoke MarketPabedan11143
BotahtaungBotahtaung11162
BotahtaungBotahtaung11161
DagonDagon11191
Dagon Myothit (North)Dagon Myothit (North)11421
Dagon Myothit (South)Dagon Myothit (South)11431
DawbonDawbon11241
HlaingHlaing11051
Hlaing Thar YarHlaing Thar Yar11401
InseinInsein11011
Kaba AyeMayangone11061
KamayutKamayut11041
Kyauk TanKyauk Tan11301
KyauktadaKyauktada11182
KyeemyindaingKyimyindaing11101
LanmadawLanmadaw11131
Mingalar Taung NyuntMingalar Taung Nyunt11221
MingalardonMingalardon11021
Okkalapa (North)Okkalapa (North)11031
Okkalapa (South)Okkalapa (South)11091
PabedanPabedan11141
PazundaungPazundaung11171
Pyi Thar YarYankin11082
SanchaungSanchaung11111
Shwe Pyi TharShwe Pyi Thar11411
ShwepaukanOkkalapa (North)11032
TamweTamwe11211
TanyinTanyin11291
Thamine CollegeHlaing11052
TharkaytaTharkayta11231
Theingyi MarketPabedan11142
ThingangyunThingangyun11071
ThuwunnaThingangyun11072
Yangon (Main Post Office)Yangon11181
Yangon StationMingalar Taung Nyunt11222
YankinYankin11081

Credit From Myanmars.Net
‌Read More

Friday, 3 November 2017

ဆေးပေါင်းခတဲ့ည



မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာများစွာထဲမှ တစ်ခုဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင်၌ ဆေးပေါင်းခသည်ဟု မှတ်ယူကြကာ မဲဇလီဖူးကို ဟင်းချို ချက်သောက်ခြင်း၊ သုပ်စားခြင်း၊ တို့မြှုပ်စားခြင်းများသည် အစဉ်အလာကောင်းတစ်ခုအဖြစ် ပါဝင်ပါသည်။ ထိုအလေ့အထသည် နက္ခတ္တ နယဝေဒပညာရှင်ကြီး တို့ ၏ ကောင်းမြတ်သော စေတနာဖြင့် ညွှန်ကြား ခဲ့ သည်မှ ဆင်းသက်လာသောအစဉ်အလာကောင်းတစ်ခုဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင် ကို ဆေးေ ပါင်းခ သည်ဟု ရွေးချယ်ခဲ့ကြခြင်းမှာ ခါးသောအရသာတို့သည် ဆေးဖြစ်တတ်၏ ဟူ သော ဆေးကျမ်းလာ ဓာတ်သဘောအရဝေ ဒဆရာကြီး များက ရွေး ချယ်ခဲ့ကြခြင်းဖြစ်၏။

သက်ရှိသတ္တဝါတု့ိ၏ ကျန်းမာပြီး အသက်ရှင်သန်မှုတို့မှာ တေဇော ခေါ် အပူဓာတ်(မီးဓာတ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၏။ ဆေးပညာ သဘောအရ ထိုတေဇော ဓာတ်ပျံ့နှံ့မှု အတွက် ဝါယောဓာတ်သည် နောက်ကွယ်မှ ကြိုးကိုင်၍နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဝေဒပညာရှင်တို့က မဲဇလီကို ခါးသော အရသာနှင့် တေဇောဓာတ်၊ ဝါေ ယာဓာတ်နှစ်ပါးတို့ စွမ်းအင်သတ္တိ တို့ကို ပေါင်းစပ်၍ အင်အားဖြည့်ကာ စားသောက်အသုံးပြုစေခြင်းဖြစ်ဟန်တူပါသည်။ မဲဇလီသည် ဝါယော(လေ) တေေ ဇာ (မီး ဓာတ်) နှစ်ပါးတို့ ကြီးမှူး၍ ခါးသော အရသာရှိသော သစ်ပင်မြောက် မြားစွာတို့ အနက်မှ မဲဇလီပင်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

တစ်ဖန် တန်ဆောင်မုန်းလ၌သာလျှင် ကြတ္တိကာနက္ခတ်နှင့် လပြည့်ဝန်းတို့ အတူယှဉ်တွဲ၍ မွန်းတည့်ခြင်းကြောင့် တန်ဆောင်မုန်းလကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ တစ် ဖန်ကြတ္တိကာ နက္ခတ်၏ ပထမပါဒ်သ တေဇော(မီး ဓာတ်)အားကောင်းသော မိဿရာသီ၏ နောက်ဆုံး အံသာအတွင်း၌ ရပ်တည် ၍နေပြီး၊ တေ(မီး)နက္ခတ်၏ စွမ်းအင် သတ္တိ ကို ရယူလိုခြင်းကြောင့် ကြတ္တိကာ နက္ခတ်ကို ရွေးချယ်ရခြင်းဖြစ်၏။

တစ်ဖန်လပြည့်ဝန်းသည် ဆီး နှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသော အညစ်အကြေးငါးပါးကင်းမှသာလျှင် လပြည့်ဝန်း၏ စွမ်းအင်သတ္တိကို အပြည့် အဝရရှိနိုင်မည်ဖြစ်ရာ၊ တန်ေ ဆာင်မုန်းလ သည် ညစ်မျိုး(၅)ပါးတို့မှ ကင်းစင်သော လဖြစ်ခြင်းကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖန် အခိုးအငွေ့တို့ကို ထွက်စေနိုင် သည့် အာကာသဓာတ်လွှမ်းမိုးသော၊ ရောဂါခပ်သိမ်းကို ပျောက်ကင်းစေ တတ်သော၊ အသက်ကို ကယ်တင်စေ နိုင်သော ဇီဝကို ကြာသပတေး ဂြိုဟ် ကြီး၏ နဝင်း၌ စီး ၍နေသောကြောင့်၊ ကြာသပတေးဂြိုဟ်၏ စွမ်းအင်သတ္တိ ကို ရယူလို၍ ကြတ္တိကာ နက္ခတ်၏ ပထမ ပါဒ်သကို ရွေးချယ်ရခြင်းဖြစ်ပါသည်။

လပြည့်ဝန်းကြီး လပြည့်သည့် အချိန်နှင့် ကြတ္တိကာ နက္ခတ်တို့အတူ ယှဉ်တွဲ၍ မွန်းတည့်သည့်အချိန်ကို မျက် မြင်အားဖြင့် ကြည့်မည်ဆိုလျှင် တန် ဆောင်မုန်း လပြည့် ည၌ ကောင်းကင် ကို မော့ကြည့်သည့်အချိန်တွင် မိမိတို့၏ ဦးခေါင်းပေါ်တည့်တည့်၌ လပြည့်ဝန်းကြီး သည် တောင်ဘက်သို့ အနည်းငယ် တိမ်းစောင်းပြီး၊ ကြတ္တိကာန က္ခတ်ခေါ် ဖျောက်ဆိပ်သည် မြောက်ဘက်သို့ အနည်းငယ်ယွန်း၍ တည်ရှိနေမည်ဖြစ် သည်။ အကွာအဝေးအားဖြင့် မြောက်(၄)အံသာ၊ (၂၁၅) လိတ္တာကျနေမည်ဖြစ် ၏။ ထို အချိန်သည် ဆေးပေါင်းခချိန်ဖြစ် ၍ ဆေးကြူးခြင်း၊ ဆေးဖော်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

ဆေးပေါင်းခသည့် မဲဇလီကို အသုံးပြုရာတွင် မဲဇလီပင်၏ အဖူးအပွင့်များ သာမက၊ ပဉ္စငါးပါးဖြစ်သည့် အမြစ်၊ အခေါက်၊ အရွက်၊ အဖူးအပွင့်၊ အသီးတို့ကို ခူးထားပြီး၊ ၎င်းအ ပင်၏ သဘာဝ စွမ်းရည်သတ္တိများ မပျောက်ပျက်သွားစေရန် အခြောက်လှန်းသည့် နည်းစနစ်ကို အသုံးပြု၍ သိမ်းထားရမည်ဖြစ်သည်။ ၎င်းတို့ကို လိုအပ်သည့်အချိန်၌ လို အပ်သလို အသုံးပြုနိုင်ပါသည်။ သို့ သော်..ဆေးပေါင်းခသည့်အချိန်၌ခူး၍ လရောင်အောက်၌ ချက်ချင်းစားသောက် ခြင်းသည်ကား တန်ဖိုးအာနိသင်ပို၍ အစွမ်း ထက်မြ က်စေမည်ဖြစ်ပါသည်။

မဲဇလီကို ဆေးဘက်ဝင်အဖြစ် စားသုံးရာ၌ ဈေးထဲတွင် အစည်းကလေး များပြုလုပ်၍ လည်းကောင်း၊ အဖူးကလေးများကို ခြွေဆွတ်၍ ပြည်တောင်း၊ နို့ဆီဘူးခွက်တို့ဖြင့် ချိန် ထည့်ရောင်းသည်ကို ဝယ်ယူလာကြပြီး တန်ဆောင်မုန်း လပြည့်နေ့ညတွင်မှ ပြုတ်သုပ်၍ စားသောက်ရ ခြင်းမျိုး မဟုတ်ရပါ။ အချိန်မှာ တန်ဆောင်မုန်းလပြည့် တော့ မည့်နေဝင်ချိန်မှစ၍အရှေ့မိုးကုတ် စက်ဝိုင်းမှ ကြတ္တိကာ နက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်နှင့် လပြည့်ဝန်းတို့သည် မတိမ်းမယိမ်း အတူယှဉ်တွဲ၍ ထွက်ပေါ်လာ ကြပြီး မိမိ တို့ ၏ ဦးခေါင်းတည့်တည့်သို့ ရောက်သောအခါ၌ တောင်မြောက် လတ္တီတွဒ်မျဉ်းတန်းအားဖြင့် တစ်တန်းတည်းဖြစ်နေသော အချိန်ဖြစ်ရပါမည်။

မှတ်ချက်။ ။ ဝေါဟာရမာသ တန် ဆောင်မုန်းလပြည့်နေ့ညဟု ခေါ်ဆို တိုင်းလည်း လပြည့်ဝန်းကြီးသည် ဝိုင်း ဝိုင်းစက်စက် လပြည့်ချင်မှ ပြည့် မည် ဖြစ်ေ သာကြောင့် ဝေါ ဟာရမာသ တန်ဆောင်မုန်းလပြည့်ကို တရားသေမယူဘဲ လပြည့်ဝန်းကြီး ဝိုင်းဝိုင်းစက်စက်ဖြစ်သည်၊ မဖြစ်သည်ကို သတိထားရမည်ဖြစ် သည်။တန်ဆောင် မုန်း လပြည့်ညတွင် ကောင်းကင်တစ်ခွင်လုံး အလွန်သာယာလှပနေပါသည်။ ဝင်းပကြည်လင်သော လပြည့်ဝန်းနှင့်အတူ ကြတ္တိကာ နက္ခတ်နှင့် ကျီးတာရာ၊ ဟင်္သာတာရာ၊ ကြယ်တာရာ နက္ခတ်ပေါင်းစုံကွန့်မြူးနေ ပေသည်။ ဤသို့ ကောင်းကင်နက္ခတ် စုံလင်နေသဖြင့် တစ်ဆယ့်နှစ်ခါသော လပြည့်ညများထဲတွင် အလှဆုံး၊ အတင့် တယ်ဆုံး လပြည့်နေ့ညဖြစ်ပါသည်။

ဤတန်ဆောင်မုန်းလပြည့်ည အချိန် အခါတွင် သစ်ရွက်သစ်ဖူးတို့၌ မဲဇလီဖူးသည် ဆေးပေါင်းခသည်ဟု အယူ ရှိကြပါသည်။ မဉ္ဇရီဟူ၍လည်းကောင်း၊ နတ်ပန်းမဉ္ဇူဟူ၍ လည်းကောင်း တင်စားခေါ်ဆိုကြသော မဲဇလီဖူးသုပ် သည် ရာသီစာဖြစ် ပြီး စားသုံးကြသူတိုင်း အနာရောဂါ ဘယ၊ အန္တရာယ်ကင်းရှင်း သည်ဟု ဆိုကြပါသည်။ သို့ဖြစ်ရာ မိသားစုများအလိုက်၊ အိမ်နီးချင်းများ စုပေါင်း၍လည်းကောင်း၊ အသင်းအဖွဲ့အနေအားဖြင့်လည်းကောင်း မဲဇလီဖူး တို့ကို သုပ်စားလေ့၊ ဝေငှလေ့ရှိသည့် ချစ်စရာမြန်မာတို့၏ ဓလေ့စရိုက်ကို လည်း ကြည်နူးဖွယ်ရာ မြင်တွေ့နိုင်ပါ သည်။

မန်လည်ဆရာတော်၏ မာဃ ဒေဝလင်္ကာကျမ်း၌ ” ထို့ပြင်နောက်မှာ နှစ်ရာကျော်ငြား ငါးဆယ့်ငါးဖြင့် ရက်ပွားရောက်လွန် ဆုံးစွန်ဝဿသရဒဟု မိုးလကုန်စဲ၊ ကထိန်ပွဲနှင့်..” ဟူ ၍ အတာကူးပြောင်းပြီး ၂၂၅ရက်မြောက်သော တန်ဆောင်မုန်းလ၊ မိုးဥတုအဆုံး “သရဒဥတု” အချိန်အခါ၌ ကထိန်ပွဲများ ကျင်းပကြောင်း ဖော်ကျူး ထားပါ သည်။ မသိုး သင်္ကန်းကပ်လှူခြင်းသည် ကထိန်အလှူမှထပ်ဆင့် ပေါ်ပေါက် လာသော ဒါနပွဲဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာဝယ် သံဃာတော်များကို ကိုယ်တိုင်ချုပ်ဆိုးထားသော သင်္ကန်း အား ညအိပ်မသိမ်းဆည်းဘဲ လှူဒါန်း သောနေ့ အရုဏ်မတက်မီ သင်္ကန်းချုပ် ဆိုးမှုနှင့် အပ်နှင်းမှုများအား ပြီးစီးအောင် ဆောင်ရွက်နိုင်သော သင်္ကန်းကို မသိုး သင်္ကန်းဟု ခေါ်ပါသည်။ သင်္ကန်းချုပ် ဆိုးနေစဉ် အရုဏ်တက်လျှင်ဖြစ်စေ၊ အပ်နှင်းမှု လုံးဝမပြုဘဲ ညသိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟု ဆိုပါသည်။

မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲကို နှစ်စဉ်မြန်မာပြည်အနှံ့အပြားရှိ တန်ခိုး ကြီးဘုရားပရဝဏ်အတွင်း ကျင်းပလေ့ရှိ ရာ ရက်ကန်းစင်အသီးသီးက အမည် အမျိုးမျိုးဖြင့် ပါဝင် ယှဉ်ပြိုင်လေ့ရှိသည် ကို တွေ့ရပါသည်။ ဤမြင်ကွင်းမှာလည်း မြန်မာတို့၏ ဘာသာသာသနာရိုသေ ကိုင်းရှိုင်းမှုနှင့် မြန်မာ့ရိုးရာအထည်ရက်လုပ်ခြင်း၊ လက်မှုအနုပ ညာ တို့ကို သရုပ်ဖော်ပြသသည့် မြတ်နိုးဖွယ် မြင်ကွင်း တစ်ခုပင်ဖြစ်ပေတော့သည်။

Photo & Post Credit From Internet
‌Read More

Thursday, 13 November 2014

Myanmar's National Telephone Area Code

Name of Town Area Code
Amarapura 02
Aungban 081
Aunglan 067
Ayetharyar 081
Bagan-Nyaung Oo 02
Bago 052
Bahtoo 081
Bamaw 074
Beelin 057
Chauk 061
Chaung Tha 042
Dagon East (Industrial Zone) 01
Daik U 052
Dala 01
Dawei 057
Gantgaw 062
Gyobingauk 053
Hakha 070
Hinthada 044
Hlegu 01
Hmawbi 01
Hopin 074
Hpann 058
Indaing 01
Kalaw 081
Kalay 073
Kanpauk 059
Kantbalu 075
Kanyautkwin 054
Katha 075
Kawlin 075
Kawkayeik 058
Kawthaung 059
Khayan 01
Kunhein 081
Kut-kai 082
Kyaington 084
Kyankin 044
Kyaukme 082
Kyauktagar 054
Kyauktan 056
Kyaukpadaung 061
Kyaukse 066
Kyeikhto 057
Kyobingauk 053
Lashio 082
Ladpadan 053
Latputta 042
Layhtaukkan 01
Leway 067
Loikaw 083
Magwe 063
Mahaling 064
Mandalay 02
Mattayar 02
Maubin 045
Maungtaw 043
Mawlaryine 057
Mawlaryinekyun 042
Meiktila 064
Minbu 065
Minhla 053
Minesat 084
Moekaung 074
Moenyin 074
Monyawa 071
Mudon 057
Muse 082
Myaing 062
Myanaung 044
Myaungmya 042
Myeik 059
Myingyan 066
Myitkyina 074
Myinmu 071
Nahtoogyi 066
Nankha 082
Namsan 081
Namtee 074
Nattalin 053
Naypyitaw 067
Ngapali(Shwe War Gyaing) 043
Ngaputaw 042
Ngwe Saung 042
Nayung Oo 061
Nyaung Done 046
Nyaung Hnit Pin 01
Nyaung Lay Pin 052
Nyaung Shwe 081
Ohnchaw 085
Pataung 053
Pakokku 062
Palaw 059
Pale (New Town) 01
Pantanaw 046
Pathein 042
Patheingyi 02
Paungde 053
Pendwegone 054
Phalan 070
Phyu 054
Pinlon 081
Pwintphyu 063
Pyapon 045
Pyawbwe 064
Pyay 053
Pyinmana 067
Pyinoolwin 085
Pyuntanzar 052
Sagaing 072
Salin 063
Seikkyikhanaungto 01
Shinmataung 062
Shwebo 075
Shwegu 074
Shwekyin 052
Shwetabin 065
Sinphyukyun 063
Sintkaing 066
Sittwe 043
Tachileik 084
Tada-Oo Int'l Airport 02
Taikgyi 055
Tamu 073
Taungdwingyi 063
Taungoke 043
Taungyi 081
Tetkone 067
Taungoo 054
Taungtha 066
Teetain 070
Thanatpin 052
Thandwe 043
Thanlyin 056
Tharwaddy 055
Thahton 057
Thayet 068
Thaze 064
Theinne 082
Thibaw 082
Twante 045
Warkhema 042
Waingmaw 074
Wintho 075
Wun Dwin 064
Yamethin 064
Yangon 01
Ye 057
Yenangyaung 060
Yeoo 075
Yesagyo 062
Zeebingyi 02
Zeegone 053
‌Read More

Saturday, 11 October 2014

အသီးအနှံများ၏ English အခေါ်အဝေါ်


Pumpkin = ဖရုံသီး။

Gourd = ဘူးသီး

Tomato =ခရမ်းချဉ်သီး။

Bitter gourd =ကြက်ဟင်းခါးသီး။

Potato =အာလူး

Lady’s finger =ရုံးပတီသီး။

Chilli =ငရုတ်သီး။

Brinjal =ခရမ်းသီး။

Cucumber =သခွားသီး။

Lychee =လိုင်ချီးသီး။

Pomegranatc =တလည်းသီး။

Jackfruit = ပိန္နဲသီး။

Star fruit =စောင်းလျားသီး။

Lime =သံပရာသီး။

Longan =တောကြက်မောက်သီး။

Avocado =ထောပတ်သီး။

Coconut =အုန်းသီး။

Palmira =ထန်းသီး။

Plum =ဇီးသီး။

Mango =သရက်သီး။

Mangosteen =မင်းကွတ်သီး။

Marian =မရမ်းသီး။

Strawberry =စတော်ဘယ်ရီသီး။

Dragon fruit =နဂါးမောက်သီး။

Orange =လိမ္မော်သီး။

Grape = စပျစ်သီး။

Apple =ပန်းသီး။

Pineapple =နာနတ်သီး။

Sugar apple =သြဇာသီး။

Sugar maple =သကြားသီး။

Custard apple =သြဇာသီး။

Bale fruit =ဥသျှစ်သီး။

Drumstick =ဒန့်သလွန်သီး။

Chestnut =သစ်အယ်သီး။

Credit to နားလည္ရခက္ေသာ အဂၤလိပ္စကားလံုးမ်ား
‌Read More

Wednesday, 8 October 2014

ထူးကဲဟင်းလျားတို့၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များ

ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းများအသုံးပြုကြပေသည်။

၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။

၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)

၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။

၄။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။

၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ်ကိုထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါမည်။ 

၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါသည်။

၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျာတို့ အရသာလျှို့ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။

၈။ ဝက်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ဝက်သားတရုတ်ချက်အရသာ ပေါ်လာစေမည်။

၉။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထားစရာပါ။ 

၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။

၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။ ၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။

Credit to : စားဖိုဆောင်ချစ်သူ
‌Read More

Ko Thurein ၏စုစည်းထားမှုများ © 2010 စတင်မှတ်သားစုစည်းသည် | Powered by:Blogger

Designed By:Windroidclub ဖန်တီးသူ:Ko Thurein